Part-4
မမုန်းခဲ့ပါ.......
"Junmyeon!!!!!!"
"Junmyeon
မင်းဘာဖြစ်တာလဲ ငါနှိုးနေတယ်ထစမ်း
Junmyeon"ရေချိုးပြီးနောက်
လော့ချထားသော အခန်းတံခါးအဖွင့်မှာ
၀င်၀င်ချင်းတွေ့လိုက်မိတဲ့မြင်ကွင်းက
မယုံနိုင်လောက်စရာကြမ်းပြင်ပေါ် ပုံကျလျှက်သားလဲနေတဲ့
ခေါင်းမာတဲ့Junmyeon
မျက်နှာနဲ့ လက်တွေမှာ အနီအဖုများပေါက်နေပြီး
မျက်တောင်များလည်းမျက်ရည်ကြောင့် စိုစွတ်နေသေးသည်
ရုတ်တရက် ခေါင်းထဲဘာမှ မရှိတော့ သူတစ်ခုခု
ဖြစ်သွားမှာပဲ စိုးထိတ်နေခဲ့တယ်Junmyeon !!!! လို့သာ သူ့နာမည်ကို
ခေါ်နေရင်း။ ပါးပြင်ကိုသာ ခပ်ဖွဖွ ပုတ်ပြီးနှိုးနေမိတယ်
ကိုယ့်ခေါ်သံ ဘယ်လောက်ထိ ကျယ်သွားသည်မသိ
Krisလည်း အလောတကြီးနဲ့ အခန်းထဲပြေး၀င်လာတယ်
Krisကိုလည်း Family doctorကို အလောတကြီး
ဖုန်းခေါ်ခိုင်းလိုက်တယ်"Kris family doctorကိုဖုန်းခေါ်
အခုချက်ချင်းလာခဲ့ဖို့ပြောလိုက်
နောက်ကျလို့ Junတစ်ခုခု ဖြစ်သွားကြည့်
သူ့ကို ဒီအတိုင်းမထားဘူးလို့ပါတစ်ခါတည်းထည့်ပြော"Kris လဲ family doctorဖုန်းကိုခေါ်နေရင်း
အခန်းပြင်ထွက်သွားမှ
Junmyeonကို ပွေ့ချီလိုက်ကာ အိပ်ယာပေါ်တွင်
ချပေးလိုက်ပြီး အိပ်ယာနံဘေးက တွင်
ထိုင်စောင့်နေလိုက်တယ် ခနလောက်ကြာတော့အလောတကြီး အခန်းထဲပြန်၀င်လာတဲ့ krisရယ်
Krisနောက်ကပါလာသောfamily doctor"ခင်ဗျားရောက်လာတာ မြန်သားပဲ"
"ဟုတ်ကဲ့ ကျတော်အမြန်ဆုံးလာခဲ့တာပါ"
ပြန်ဖြေရင်းနဲ့
လက်ကဆွဲလာသော ဆေးသေတ္တာကို ဖွင့်လိုက်ကာ
စလင်းအပ်နဲ့ ဆေးရည်တစ်ချို့ကိုစုပ်ယူပြီး
အပ်ထိပ်ဖျားကို Junရဲ့ ခပ်နုနု
လက်ကလေးထဲထိုးသွင်းလိုက်တယ်
ထို့နောက် ဆေးပုလင်းချိတ်ပေးပြီးတော့"ရပါပြီ သခင်လေး စိတ်ပူစရာမလိုတော့ပါဘူး
allergicဖြစ်တာပါ
သူပင်လယ်စာတစ်ခုခု စားထားတယ်ပင်လယ်စာနဲ့ဓာတ်မတည့်တာကြောင့် အခုလိုအနီဖုတွေပေါက်လာတာ
YOU ARE READING
မမုန်းခဲ့ပါ
Fanfictionအချစ်ဆိုတာ အမုန်းကနေစတင်လေလား အမုန်းမှ အချစ်သို့ပြောင်းလဲနိုင်သလား ကိုယ်သိတဲ့အချစ်ဆိုတာ ချစ်ရသူ မင်းလေး ပျော်ရွှင်ဖို့ပဲ