Part-21

453 57 11
                                    

Part-21

မမုန်းခဲ့ပါ.......


Sehunကိုဆေးရုံပို့တာအချိန်မှီလိုက်လို့သာ မဟုတ်ရင်သွေးထွက်လွန်ပြီးအသက်ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေ
ဒါပေမဲ့ခုချိန်ထိလဲလုံးဝစိတ်ချရပြီတော့မဟုတ်သေး

ဓားချက်2ချက်ကတဘဝလုံးကိုရှင်လျက်ပါသေနိုင်အောင်ထိုးသွင်းခဲ့တာကြောင့်

ဆေးရုံကုတင်ထက်မှာမေ့မြောနေတဲ့sehunဘေးမှာထိုင်ပြီးငိုနေတဲ့yeolဟာမျက်လုံးတွေပင်ဖောင်းအစ်လို့

"Yeolရယ် sehunသတိရလာမှာပါ မငိုနဲ့တော့လေ"

"3ရက်တောင်ရှိနေပြီ"

ပြောလိုက်မျက်ရည်တွေကျလာလိုက်နဲ့
ဒါတောင်Sehunအခုလိုဖြစ်တာ
junmyeonကြောင့်ဆိုတာ မသိသေး
မပြောပြဘူးဆိုတာကလဲ sehunအတွက်သာ...
သူကိုယ်တိုင်တောင်ကြည်ကြည်ဖြူဖြူနဲ့လက်ခံပေးလိုက်တာကို ကိုယ်ကပြဿနာလိုက်မရှာချင်တော့

အရာအားလုံးကိုSehunသဘောအတိုင်းသာကိုယ်ဖြစ်စေချင်သည်

"မငိုနဲ့တော့ yeol.. "

မျက်ရည်တွေ သုတ်ပေးဖို့  လက်လှမ်းလိုက်တော့ရှောင်ဖယ်သွားတဲ့ yeolကကိုယ့်ကို အခုထိ စိတ်ဆိုးမပြေသေးဘူးထင်ပါရဲ့

"ကိုယ် အပြင်ခနသွားလိုက်ဦးမယ်
Yeolတစ်ယောက်ထဲဖြစ်ရဲ့လား"

အရင်ကဆို  စကားကို မနားမနေ ပြောတတ်တဲ့yeollieက
အခုတော့ဖြင့် ကိုယ့်အမေးကို ခေါင်းညိမ့်ပြတယ်ဆိုရုံ

Sehunအခန်းထဲကထွက်လာပြီး ဆေးရုံ၀န်းထဲက ခုံတန်းရှည်‌တွင် ထိုင်နေမိတယ်

ဆေးရုံထဲမှာမဟုတ်သည့်အတွက် ပိုးသတ်ဆေးအနံ့မရတော့

မျက်၀န်းအစုံကို မှိတ်လိုက်ကာ
တဖြူးဖြူးတိုက်နေတဲ့လေပြေကို တ၀ကြီးခံစားရင်းနာရီ၀က်လောက်ရှိကာမှဆေးရုံထဲပြန်သွားလိုက်တယ်

Yeollieလဲ လေညှင်းခံလိုက်ရင် စိတ်တွေလန်းဆန်းကောင်းပါရဲ့
Sehunဒီလိုဖြစ်ထဲက Yeollieတရက်လေးတောင်ကောင်းကောင်းမအိပ်ခဲ့ရဘူးလေ

အခန်းတံခါးကိုဖွင့်ပြီး၀င်သွားမိတော့Yeollieအစားးတခြားသူတယောက်ကိုတွေ့လိုက်ရတာကြောင့်သွေးပင်ဆောင့်တက်မတတ်

မမုန်းခဲ့ပါWhere stories live. Discover now