မမုန်းခဲ့ပါ .....
"ကျတော် မယုံရဲသေးဘူး
Kris hyungရဲ့စကားတွေကို မျက်စိမှိတ်ယုံပေးချင်ပေမယ့်
ကျတော်ကြောက်နေသေးတယ်"ဘာတွေများ တွန့်ဆုတ်နေရတာလဲyeollie
ဟုတ်တော့လည်း ဟုတ်ပါသည် ဒီကလေးကို
အမြဲတမ်းနာကျင်အောင် လုပ်မိခဲ့တာ" Hyung ....hyung ကြိုးစားမှာမလို့
မဟုတ်ဘူး...yeollieကို ချစ်တယ်ဆိုတာ
သက်သေပြမှာမလို့ နောက်ဆုံးအနေနဲ့ယုံကြည်ပေးပါ "ဘာတုံ့ပြန်သံမှ မကြား
ကိုယ့်ကို အခွင့်အရေးလေးတောင် မပေးတော့ဘူးလား yeollie"ကောင်းပြီလေ နောက်ဆုံးအနေနဲ့
ကျတော်က သဘောထားကြီးစွာ ယုံကြည်ပေးရမှာပေါ့
ဟုတ်တယ်မလား kris . hyung...shi..."အဖြေကြားတာနဲ့ အပျော်လွန်ပြီး
ဒူးထောက်ထားရာကနေ ထလိုက်တော့
ပြုံးစစ မျက်နှာဘေးနဲ့
yeollieဟာ ဖျစ်ညှစ်ပစ်ချင်စရာသိပ်ကောင်းတာကြောင့်" အာ..... hyung......."
မနေနိုင်လွန်းအားကြီးသွားတာကြောင့် yeollieကိုယ်လေးကို
ရင်ခွင်ထဲ ဆွဲသွင်းပြီး သိမ်းကြုံးဖက်ထားလေတော့
မနေတတ်လွန်းစွာအရှက်သည်းနေတဲ့ yeollieက
သိပ်ကို ချစ်စရာကောင်းသည်"လွှတ်တော့ .. Kris hyung
ကျတော် ရှက်လာပြီ.....""ဘာလို့ရှက်တာလဲ...ကိုယ့်ချစ်သူကို ကိုယ်ဖက်ထားတာပဲ
ကိုယ်တော့ မရှက်ပါဘူး မလွှတ်ဘူး""မသိဘူး ..ကျတော် sehun hyungဆီသွားတော့မယ်"
ပါးလေးနှစ်ဖက်နည်းတူ
ခပ်ရဲရဲ ဖြစ်နေတဲ့ နားရွက်ကလေးတွေ
အရှက်သည်းစွာနှင့် ကိုယ့်ဆီကနေ ရုန်းထွက်ကာ
Sehunအခန်းထဲ ၀င်သွားတဲ့ yeollieကြောင့်
စိတ်လိုလက်ရ ပြုံးနေမိတာSehun..သတိရလာခဲ့ရင်
ကိုယ်နဲ့ yeollieကို လက်ခံပါ့မလား....
လက်မခံခဲ့ရင်လည်း လက်ခံနိုင်အောင် ကြိုးစားရမှာပေါ့လေ
ထပ်ပြီးမခွဲနိုင်တော့ပဲ နောက်တစ်ခါလဲ မဝေးရဲတော့တာမို့"Hyung ..သတိရလာပါတော့
အိပ်နေတာကြာပြီလေ .."Sehunလက်ချောင်းတွေကို ဆုတ်ကိုင်ရင်း
တတွတ်တွတ် ပြောနေတဲ့ yeollie
YOU ARE READING
မမုန်းခဲ့ပါ
Fanficအချစ်ဆိုတာ အမုန်းကနေစတင်လေလား အမုန်းမှ အချစ်သို့ပြောင်းလဲနိုင်သလား ကိုယ်သိတဲ့အချစ်ဆိုတာ ချစ်ရသူ မင်းလေး ပျော်ရွှင်ဖို့ပဲ