Part-5
မမုန်းခဲ့ပါ......
ထိုခေါင်းမာသော
ကောင်လေးကို ကြည့်ရန် အခန်းတံခါးကိုအဖွင့်
Kris က ထိုကောင်လေးကို ဆန်ပြုတ်ခွံ့ကျွေးနေသော
မြင်ကွင်းက ကိုယ့်ကို ဒေါသထွက်စေသည်
ထို့ကြောင့် krisကို ပိတ်ဟောက်လိုက်တယ်"Kris !မင်းသူ့ကို ခွံ့ကျွေးစရာမလိုဘူး"
နှစ်ယောက်သားကိုယ့်ဘက်ကို လှည့်ကြည့်လာမှ
"Kris yeol နေမကောင်းလို့
yeolနားနေပေးလိုက်""ဟုတ် ကျတော် သွားလိုက်ပါ့မယ်"
Kris လဲ အခန်းထဲ က ထွက်သွားတာနဲ့
ထိုကောင်လေး နားသွားလိုက်ရင်းကုတင်ပေါ်တွင် ငုတ်တုတ်ထိုင်နေသော
Junmyeon'ပုခုံးပေါ် လက်နှစ်ဖက်တင်လိုက်ကာ
သူ့ပုခုံးများကိုအားနှင့် ဖိလိုက်ရင်း......(အာ့...)
နာလို့ထင့် အသံထွက်လာပြီး အံကြိတ်ထားသောကောင်လေး
"မင်း က ဆန်ပြုတ်တောင်
ကိုယ့်လက်နဲ့ ကိုယ်မစားနိုင်ဘူးလား ""မင်းကို ခေါ်လာတာ ဒီနေ့နဲ့မှ နှစ်ရက်ရှိသေးတာ
မဆိုးဘူး ငါ့လူကို နှစ်ရက်တည်းနဲ့။သိမ်းသွင်းနိုင်တယ်ဆိုတော့လေ"(ဟက် ....)
ဖိနှိပ်ထားသော လက်နှစ်ဖက်ကို
ပုခုံးပေါ်မှ ဖယ်လိုက်ပြီး ကျေကျေနပ်နပ်သာပြုံးနေလိုက်သည်
ထိုကောင်လေးကတော့ နာသွားသည်ထင်
အံ့ကြိတ်ထားသည့်ကြားကပင် မျက်ရည်များပင်ဝဲလာချေပြီ"နာသွားလား မျက်ရည်တော့ မကျသင့်ဘူးလေ
ဒီလောက်လေးက ဘာမှမဟုတ်သေးဘူးကွထားပါတော့ မင်းလက်နာသွားပြီဆိုတော့
ငါခွံ့ကျွေးပါ့မယ် ""ကျတော် ဗိုက်၀ပြီ"
"ဘာလဲ မစားချင်တော့ဘူးလား
ရတယ်နော် ငါက ဇွတ်မကျွေးဘူးလို့ ပြောပြီးသား"ကျတော့်မျက်နှာကို မော့ကြည့်လိုက်တော့
ခနဲ့တည့်တည့် ပြောတာသိလို့ထင်"ရပါတယ် ကျတော့်ဘာသာ"
"ငါခွံ့ကျွေးမယ် မင်းလက်က ဆေးပိုက်တန်းလန်းနဲ့
ဆန်ပြုတ်တွေ ဖိတ်ကုန်ရင် တခြားသူတွေ အလှုပ်ရှုပ်တယ်"
YOU ARE READING
မမုန်းခဲ့ပါ
Fanfictionအချစ်ဆိုတာ အမုန်းကနေစတင်လေလား အမုန်းမှ အချစ်သို့ပြောင်းလဲနိုင်သလား ကိုယ်သိတဲ့အချစ်ဆိုတာ ချစ်ရသူ မင်းလေး ပျော်ရွှင်ဖို့ပဲ