Part-17

420 56 9
                                    

Part-17

မမုန်းခဲ့ပါ.......

"တောင်းပန်ပါတယ်
အရာအားလုံးအတွက် "

Kris မင်းထွက်သွားရင်
ကျန်ခဲ့မဲ့yeolကိုနဲနဲလောက်တောင် ထည့်မတွေးခဲ့ဘူးလား

မင်းးအဲ့လောက်ထိတကိုယ်ကောင်းဆန်ပြီးယုတ်မာမှန်းငါမသိခဲ့ဘူး
ငါဘာတွေများအားကိုးခဲ့မိတာလဲ

"လုပ်ချင်ရာတွေ လုပ်နေပြီး
လာတောင်းပန်မနေနဲ့ 
junymeonကိုသဘောကျလှချည်ရဲ့ဆိုပြီး
အခုကျ  မရတော့တာသေချာမှ ထွက်သွားမယ်ပေါ့  "

"junmyeonကို လုယူမယ်ဆိုပြီး တခါလေးတောင် မတွေးခဲ့ဖူးလို့  ငါ့လိပ်ပြာငါလုံတယ် sehun"

"မင်း.....!"

ဒီနေ့တော့ ဒီအတိုင်းပြီးသွားလို့ မဖြစ်ပါ
တခုခုကိုပဲဖြစ်ဖြစ် အသေအချာ အတိအလင်း သိချင်သည်
Yeolကိုလည်း သနားလှပြီ

"Yeolကိုမျှော်လင့်ချက်တွေပေးပြီး
နောက်ဆုံးကျမှ ငြင်းရတာ တော်တော်မှ ပျော်ရဲ့လားkris"

"ငါ့အပြုအမူတွေက အဲ့ဒီ
အဓိပ္ပာယ် သ‌က်ရောက်မယ်လို့
ငါမတွေးခဲ့ဘူး Yeolကိုလဲ ညီလေးတယောက်လိုပဲ သံယောဇဉ်ရှိတယ်"

မင်းကjunmyeonအတွက်နဲ့
ငါ့ရှေ့မှာ ဒူးထောက်ခဲ့တယ်
Yeolကလည်း 
လက်ဝါးနှစ်ဖက် မီးပွင့်မတတ် ငါ့ရှေ့မှာ ငိုပြီးမင်းကို မနှင်ဖို့တောင်းဆိုခဲ့တယ် ၀ဋ်‌တွေလည်ရိုးဆိုရင်တောင်
အဲ့ဒီ့၀ဋ်တွေ ငါပဲလည်ချင်ခဲ့တာ

"မင်းကို ငါ ဘာလို့ နှင်မထု​တ်ခဲ့လဲ   မင်းသိလား
Yeolက......."

ကိုယ့်အစားပြောပြမဲ့လူတယောက်ရှိနေမှန်းသာကိုယ်သိခဲ့ရင်ဒီစကားကိုမပြောဘူးဆိုတာသေချာသည်

"ထွက်သွားချင်တယ်မလား
ထွက်သွားပါ ဒီကထွက်သွားရင်
နေဖို့အတွက်‌တိုက်ခန်း၀ယ်ထားခဲ့ပြီမလား"

အသံကြားရာ လှည့်ကြည့်မိတော့ yeol
ဘယ်ကတည်းက အခန်းရှေ့မှာ ရပ်နေခဲ့သလဲ
ဒါဆို ကျတော်တို့ ပြောနေတာ yeolအကုန်ကြားနေခဲ့တာလား

"ကျတော်သေသွားရင်တောင်
မလာပါနဲ့ kris hyung "

"Yeol..ကိုယ်....."

မမုန်းခဲ့ပါWhere stories live. Discover now