Part-14

489 54 30
                                    

Part-14......

မမုန်းခဲ့ပါ........

"ဘယ်တုန်းထဲကလဲ"

"ဘာကိုလဲkris hyung  နားလည်အောင်ပြောမှပေါ့"

ParkKyungပြောသွားတဲ့
*ချစ်သူလောင်း*ဆိုတဲ့
စကား နားထဲကြားယောင်နေတာ အိပ်မရတာနဲ့အိမ်ပြင်ထွက်လာတော့ yeolလဲ ထိုင်နေတာကြောင့်
အံ့ဩမိသေးတယ်

yeolဘေးနား၀င်ထိုင်ရင်း
မေးလိုက်မိတာ ဒါကိုနားမလည်သလိုနဲ့ပြန်မေးနေတဲ့yeol

"စီနီယာဆိုတဲ့ကောင်နဲ့ဘယ်ကထဲက..... ချစ်သူလောင်းဆိုတော့ ချစ်သူဖြစ်တော့မှာပေါ့"

"စဉ်းစား‌နေတာ မဖြစ်နိုင်တဲ့အချစ်ကိုမျှော်လင့်နေတာထက်ကိုယ့်ကို ချစ်နေတဲ့သူကို လက်ခံအောင်ကြိုးစားတာက
ပိုကောင်းသလားလို့လေ"

ဒါကျတော်မေးတဲ့မေးခွန်းနဲ့ သက်ဆိုင်လေသလား

အင်း သက်ဆိုင်ကောင်းပါရဲ့

"ပေးဆပ်တဲ့အချစ်မျိုးနဲ့
ချစ်နေရတာလဲ အချစ်ပါပဲyeol"

ကောင်းကင်ကြီးကိုငေးရင်းဖြေနေမိတာ yeolကိုမျက်နှာချင်းမဆိုင်ရဲတာလည်းပါတယ်
Yeolကျတော့်ကိုကြည့်နေတယ်ဆိုတာတော့ ခံစားမိတယ်

"တသက်လုံးပေးဆပ်မလို့လား kris hyung"

ကျတော်yeolကို ငဲ့ကြည့်မိတော့ မျက်ရည်‌တွေကိုဖုံးကွယ်ပြီး  ခပ်ဟဟရယ်နေခဲ့တာ

"ကျတော်မထင်ခဲ့ဘူး kris hyungစိတ်၀င်စားတဲ့သူက
Sehunhyungနဲ့ထပ်တူကျနေခဲ့လိမ့်မယ်လို့"

"Yeol.."

"ဟက် ကျတော်နဲနဲမှတောင် မသိဘူးထင်နေခဲ့တာလား
လူကိုအထင်သေးလိုက်တာkris hyungက"

ကိုယ်ကတော့ဘာမှပြန်မပြောနိုင်ပဲ ငေးနေရုံသာ

yeolကတော့ရှေ့ကမြက်ခင်းဆီကိုသာအကြည့် ပို့ထားလေရဲ့

"ကျတော်နေမကောင်းဖြစ်နေခဲ့တုန်းကဆန်ပြုတ်၀ယ်မတိုက်ဖူးတဲ့သူက  ထူးထူးဆန်းဆန်းဆန်ပြုတ်၀ယ်လာတယ်"

"ကျတော်နဲ့လေ့လာရေးခရီးကို
မလွှဲသာလို့သာလိုက်ခဲ့ရတာ အဲ့မနက်ကjunmyeon hyungထမင်းလိပ်လုပ်နေတာကို ထိုင်ငေးနေတာလေ
အဲ့ထမင်းလိပ်ကို
စားသာစားလိုက်ရတာကျတော်မျိုမကျဘူးသိလား
kris hyungက  အဲ့ထမင်းလိပ်ကိုကြည့်ရင်းပြုံးနေခဲ့တာ"

မမုန်းခဲ့ပါWhere stories live. Discover now