Part-16.
မမုန်းခဲ့ပါ......
ကိုယ်အောက်ထပ်ကဧည့်ခန်းမှာထိုင်ပြီး
အလုပ်လုပ်နေတုန်းyeolတယောက်ဘာမပြောညာမပြောနဲ့
အပြင်ထွက်သွားလေသည် ကောင်စုတ်လေးး အကိုကိုတောင်နှုတ်ဆက်မသွားပဲဘာတွေ
ဒီလောက်အရေးကြီးနေတယ်မသိတော်တော်လေးကြာကာမှ သူဟိုတခါကမိတ်ဆက်ပေးဖူးတဲ့ park kyungနဲ့အတူရောက်လာခဲ့တယ်
ကိုယ်လဲအပြုံးချိုချိုနဲ့နှုတ်ဆက်ပြီးနှစ်ယောက်လုံးကိုထိုင်စေတော့ yeolကအရင် ပြောစရာရှိပုံဖြင့်
"Hyung ကျတော်အကူအညီတောင်းမလို့"
"ပြောလေ yeol"
ခုနကသုတ်သီးသုတ်ပျာဖြစ်နေတာသူမဟုတ်သလိုမျိုး
ကိုယ်လဲပြောခိုင်းရော ဟိုကုတ်ဒီကုတ်လုပ်နေပြန်လေရဲ့"ဒီလိုပါ sehun hyung
ကျတော့်မိဘတွေကမနက်ဖြန်ဆိုအရေးကြီးအလုပ်ကိစ္စရှိလို့ခရီးထွက်ရမှာ
အဲ့ဒါ ကျတော့်ကိုတယောက်ထဲစိတ်မချဖြစ်နေလို့
yeolကိုခဏလောက်ဖြစ်ဖြစ်ခေါ်ထားလို့ရမလားလို့ခွင့်တောင်းတာပါ"Park Kyungဆိုသည့် ကောင်လေးက ခပ်သွက်သွက်ပင်
ကြားထဲကအကျိုးအကြောင်းဆီလျော်စွာရှင်းပြနေလေသည်
ယဥ်ယဥ်ကျေးကျေးနှင့်စကားလဲပြောတတ်ဆိုတတ်တာကြောင့်ဒီကောင်လေးကိုတော့သဘောကျမိသည် krisထက်စာရင်ပေါ့သို့ပေမဲ့Yeolကိုတော့သူစိမ်းအိမ်မှာ မနေခိုင်းချင်ပါ
အရွယ်ရောက်တဲ့လူငယ်တွေပေမဲ့yeolကကိုယ့်ရဲ့တယောက်ထဲပဲရှိတဲ့ညီလေးမို့စိတ်မချရက်အတွေး2ခုကြားထဲကိုယ်စိတ်ရှုပ်နေရပြီ
"Sehun ဒီလိုလုပ်ပါလား
parkkyungအဆင်ပြေမယ်ဆိုဒီမှာခေါ်ထားလိုက်လေ လူများများနဲ့ဆိုသူ့မိဘတွေလဲပိုစိတ်ချရောပေါ့ "ကိုယ်ကတော့ ဝေခွဲမရစွာ တွေဝေနေတုန်းJunက ၀င်ပြီးဖြေရှင်းရမဲ့နည်းလမ်းပြောပြတယ် ခပ်အေးအေးနေတတ်တဲ့အကျင့်ကြောင့် junကိုယ်တို့ပြောတာကိုအာရုံမရဘူးထင်ထားတာ
"အင်းjun အဲ့ဒါဆိုရင် ညီလေး အဆင်ပြေပါ့မလား"
"ပြေတာပေါ့...ကျေးဇူးပါ hyung..ကျေးဇူးအများကြီးတင်ပါတယ်"
YOU ARE READING
မမုန်းခဲ့ပါ
Fanfictionအချစ်ဆိုတာ အမုန်းကနေစတင်လေလား အမုန်းမှ အချစ်သို့ပြောင်းလဲနိုင်သလား ကိုယ်သိတဲ့အချစ်ဆိုတာ ချစ်ရသူ မင်းလေး ပျော်ရွှင်ဖို့ပဲ