part-13

484 56 31
                                    

မမုန်းခဲ့ပါ
Part-13

Kris'pov

"ဘယ်လိုဖြစ်ရတာလဲ
အဆင်ပြေရဲ့လားဟင်"

"အင်းး စိတ်မပူပါနဲ့ junmyeon
သက်သာပါတယ်"

စိတ်ထဲကပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကိုယ့်အပေါ်ဂရုတစိုက်ရှိသည့်Junmyeonကြောင့်ပြုံးမိသည်

ဒီနေရာမှာဆက်ရှိနေရခြင်းဟာ junmyeonကြောင့်လား Yeolကြောင့်လားဆိုတာတော့ကိုယ်တိုင်လဲသေချာမသိသေး

ဒဏ်ရာတွေ​ထက်ရင်ထဲမှာပိုပြီးမွန်းကျပ်နာကျင်နေသည်
Sehun..Sehunမနေ့ကပြောခဲ့တဲ့စကားတွေ..
အိပ်မက်တခုသာဖြစ်စေချင်တယ်

ဘာလို့များအဲ့လိုစကားလုံးမျိုးတွေပြောထွက်ရက်တာလဲsehunရယ်

မင်းစိတ်ထဲမှာငါကသစ္စာရှိတဲ့ခွေးတကောင်လား
မင်းအနားကနေမခွာနိုင်တဲ့အစေအပါးတယောက်လား

မင်းငါ့ကိုအဲ့လိုသဘောထားမယ်လို့မထင်ခဲ့ဘူး
ရင်းရင်းနှီးနှီးနဲ့အကြာကြီးအတူရှိခဲ့ကြတာပဲမဟုတ်လား
JunMyeonအတွက်မင်းပြောင်းလဲသွားတာလားsehun ah

"ဂရုစိုက်ပါ​နော်.."

"Kim Jun Myeon!!..."

ကိုယ့်လက်ကိုခပ်ဖွဖွဆုပ်ကိုင်ထားသည့်junmyeonလန့်ပြီးတုန်တက်သွားရသည်မှာsehunအော်သံကြောင့်

ကိုယ်လဲအပြစ်လုပ်ထားတဲ့လူတယောက်မို့မျက်လွှာကိုချထားလိုက်ရင်းနေတော့ အခန်းဝမှsehunကဒေါသတကြီးလျှောက်လာပြီး

(ဖြောင်းးးးးးးးးး)

"အ့...!"

"!!Jun Myeon"

ကြမ်းပြင်ပေါ်ပုံလျက်သားလဲကျသွားတဲ့junmyeonပါးပြင်ဟာနီရဲလျက်
sehunလက်ဖဝါးအရာကပါအတိုင်းသား

JunMyeonလို့သာအလန့်တကြားအော်လိုက်မိပေမဲ့ သွားမထူရဲ
ကိုယ်နဲ့အတူရှိနေလို့sehunဒေါသထွက်သွားရတာမလား
ကိုယ်ပါလာရင်junmyeonကိုပိုပြီးဆိုးဝါးတာတွေလုပ်နိုင်တယ်

တကယ်ဆိုကိုယ့်ကိုအပြစ်ပေးသင့်တာလေ
ဘာကြောင့်အပြစ်မရှိတဲ့Junmyeonကိုလဲ..

ငါ့ကိုသာသတ်လိုက်စမ်းပါ sehunရယ်
မင်းချစ်တဲ့သူကိုငါ့ရှေ့မှာနှိပ်စက်မနေပါနဲ့တော့

မမုန်းခဲ့ပါWhere stories live. Discover now