part-2

829 93 16
                                    

မမုန်းခဲ့ပါ -2

"ဟင့် .....
Appa .......appa......"

"ဟေ့ ...."

ခပ်စပ်စပ် ပါးကိုရိုက်ပီး နှိုးနေသောကြောင့်
နဂို နာနေသော ပါးပြင်က ပို၍ပင် နာကျင်လာသည်
မျက်လုံးများက ငိုထားသောကြောင့် ကျိန်းစပ်နေသော်လည်း
အားယူပြီးသာ ဖွင့်ထားရသည်

နဂိုအသားအရည်က ဖြူစွတ်စွတ်မို့
ရိုက်ထားသောကြောင့်ပါးပြင်များ
ယောင်နေပြီး နာကျင်နေမှာအမှန်

သို့သော် မသနားနိုင်ပါ ကိုယ်မုန်းသောသူရဲ့ သွေးသာပင်မို့
ယောင်နေတာ များ မျက်ရည်တွေနဲ့
တနေတဲ့ နာမည်က မကြားချင်ဆုံး အမုန်းဆုံး
အရွံရှာဆုံးလူ

မျက်လုံးတစ်လုံးအတွက်မျက်လုံး
သွား တစ်ချောင်းအတွက် သွား

မှန်ရဲ့လား အပြစ်မရှိတဲ့လူတစ်ယောက်ကို  ...........

ဘာဖြစ်ဖြစ်
မင်းနာကျင်နေရင်
ငါပျော်တယ် kim junmyeon......

မျက်လုံးများမှာ အားမရှိသော်လည်း
စကားပြောဖို့တော့ အားကျန်သေးသည့်ပုံပင်

"  ဘာလို့ ကျတော့်ကို
ခုလိုဖမ်းလာရတာလဲ
ခင်ဗျားကို ကြည့်ရတာ ပိုက်ဆံကို‌  ဖောဖောသီသီသုံးနေနိုင်ပုံပဲ
ဘာရည်ရွယ်ချက်နဲ့ ကျတော့်ကို ဖမ်းလာရတာလဲ"

"သိပ်တော်တယ်junmyeon
မင်းလို သိပ်တော်တဲ့ သားမျိုးရထားတဲ့
မင်းရဲ့ appaကတော့ သိပ်၀မ်းသာနေတော့မှာပဲ"

"ဒါပေမယ့်..............."

"ဒါပေမယ့် ဘာဖြစ်လဲ"

"Junmyeonဆိုတဲ့မင်းက
လူစိတ်မရှိတဲ့ ဟိုလူရဲ့ သဲသဲလှုပ်လေး
  အသက်ညှာလေး"

"ခင်ဗျား ဘာလို့ဒီလိုလုပ်ရတာလည်း "

အားမရှိ‌ဖျော့တော့အသံ  ခပ်တိုးတိုးနဲ့ မေးလာတဲ့
စကားလုံးအောက် ဖြေစရာ အပြည့်

ဘာလို့လည်းတဲ့  သိပ်ရီရတဲ့ဟာသတစ်ခု

"မုန်းလို့ "

သိပ်အံ့ဩစွာ ယောင်နနနှင့် သူမျက်နှာ ကို ကြည့်မိတဲ့အခါ

Vရှိတ်မေးရိုး နာနာကြည်းကြည်းနဲ့ ရီလိုက်တိုင်း
မှေးမှိတ်သွားတဲ့ မျက်၀န်းအစုံက နီစွေးစွေး
သိပ်နာကျင်နေတဲ့ မျက်၀န်းအစုံ

မမုန်းခဲ့ပါWhere stories live. Discover now