Part-19
မမုန်းခဲ့ပါ......
ညကလည်း အိပ်ရာပြောင်းတာမို့ တော်တော်နဲ့အိပ်မပျော်
အတွေးတွေကများလာတယ်yeolရော အဆင်ပြေရဲ့လားလို့
တွေးပူနေခဲ့တယ်
တစ်ခုခုတော့မလုပ်လောက်ပါဘူးဆိုပြီးလည်းဖြေသိမ့်ရတယ်မနက်တိုင်း စားနေကျပူပူနွေးနွေး
မနက်စာကို လွမ်းသည်"morning hyung"
ဆိုတဲ့yeolရဲ့နှုတ်ဆက်သံလေးလည်း မကြားရ
ထိုစကားလေးကသာတစ်နေ့တာလုံးအားပြည့်ဖို့အတွက်အားဆေးလေးဖြစ်နေခဲ့တာအတွေးတွေနဲ့ အတူ ကော်ဖီတစ်ထုပ်ကိုဖျော်လိုက်ပြီး
ပေါင်မုန့်နှစ်ချပ်နှင့်သာ မနက်စာကို ပြီးစလွယ် အဆုံးသတ်လိုက်တယ်မနက်စာစားပြီးတော့လည်း မယ်မယ်ရရ လုပ်စရာမရှိ
ဘေးနားချထားတဲ့ ဖုန်းကို ကောက်ယူကာဖုန်းcontactထဲ ၀င်ကြည့်မိပြန်တယ်Contactထဲမှတ်ထားတဲ့
🖤🖤 Yeollieဆိုတဲ့ အမည်လေး စိတ်ရှိတိုင်းသာဆို
Yeolရဲ့hyungဆိုတဲ့ခေါ်သံလေးကြားချင်တယ်ဖုန်းဆက်လိုက်ချင်သော်လည်း အဲ့ဒီလောက် မျက်နှာပြောင်တိုက်ဖို့
မသင့်တော် တော်တန်ရုံပဲကောင်းသည်မဟုတ်လားလေဟူးးးးးးးးးး
လေပူတစ်ချက်သာမှုတ်ထုတ်လိုက်မိတယ်(And I will never gonna make you cry✨✨
You know I am gonna........)
ဖုန်း၀င်လာတာမို့contactကိုကြည့်တော့လည်းဖုန်းနံပါတ်စိမ်းမို့ မကိုင်တော့ဟု လုပ်ပြီးမှ
Yeolများဖြစ်နေမလား ဆိုသည့်အတွေးကဆုံးဖြတ်ချက်ကိုချက်ချင်းပြောင်းသွားးစေသည်"Hello"
"Kris ..shi..
ကျတော်ပါ junmyeon"Junmyeonက ဘာလို့ ..
ကျတော့်ဖုန်းနံပါတ်ကိုဘယ်လိုသိသွားလဲ
အာ နေပါဦးး သိတာထက်...သူ့ဖုန်းကိုsehunကပြန်ထုတ်ပေးလိုက်တာလားကိုယ်မေးမယ်ကြံရုံရှိသေး
တဖက်ကjunmyeonပြောလိုက်သောစကားကြောင့်စကားလုံးတွေကပျောက်ဆုံးကုန်ရသည်"မနေ့က yeolငိုနေခဲ့တယ်
ထမင်းလည်း မစားဘူး" တဲ့လေ..ငိုမယ်ဆိုတာသိထားပေမဲ့လဲ ထိုကလေးအကျင့်ကတော်ရုံတန်ရုံဆို ထမင်းမစားပဲ မနေ
အခုက ထမင်းပါမစားဘူးဆိုတော့...
နေမကောင်းဖြစ်နေပြီလား
YOU ARE READING
မမုန်းခဲ့ပါ
Fanfictionအချစ်ဆိုတာ အမုန်းကနေစတင်လေလား အမုန်းမှ အချစ်သို့ပြောင်းလဲနိုင်သလား ကိုယ်သိတဲ့အချစ်ဆိုတာ ချစ်ရသူ မင်းလေး ပျော်ရွှင်ဖို့ပဲ