စာမျက်​နှာ တစ်​(စာမျက်နှာ တစ်)

11K 781 20
                                    

တက္ကသိုလ်​ပထမဆုံးတက်​ရမယ့်​​နေဆို​တော့စိတ်​လှုပ်​ရှားသည်​။
တက္ကသိုလ်​ကျောင်းသားဖြစ်​​တော့မယ်​ဆို​တော့လူကြီးဖြစ်​​နေပြီလို့လည်းထင်​သည်​။

စာအုပ်​​တွေအစုံအလင်​ထည့်​ပြီးအိမ်​​ရှေ့ကိုထွက်​လာ​တော့
မီးဖို​ချောင်​ထဲကJimin​မေ​ကြီးရဲ့အသံအကျယ်​ကြီးကိုကြားရသည်​။

"​နေဦး သား​ရေ
ထမင်းချိုင့်​ရပြီ ယူသွားဦး"

စိတ်​ညစ်​ညစ်​နဲ့​ခြေ​ထောက်​ကိုတစ်​ချက်​​ဆောင့်​လို​က်​ပြီး
ပုံ​သေချာသွင်းထားတဲ့ဆံပင်​​တွေကိုပါသတိလက်​လွတ်​နဲ့ဆွဲဖွမိလိုက်​သည်​။

တက္ကသိုလ်​​ကျောင်းသားဖြစ်​​နေပြီပဲဟာ
ထမင်းချိုင့်​ကြီးမယူချင်​ပါဘူး....
ငြင်းရင်​လည်း​မေ​ကြီးက​ခေါင်းကို​ခေါက်​ဦးမယ်​။

"​ရော့
သားကြိုက်​တဲ့ပုစွန်​ဟင်းထည့်​​ပေးထားတယ်
ကုန်​​အောင်​စား​နော်​"

ေ​ပြာချင်တာေ​​ပြာပြီး​ခေါင်းကိုတစ်​ချက်​ပုတ်​ကာမီးဖို​ချောင်​ထဲကိုပြန်​ဝင်​သွားသည်​။

ထမင်းချိုင့်​ကိုကိုင်​ပြီးအပြင်​ထွက်​လာ​တော့​ဖေ​ကြီးကရုံးသွားရင်းJiminကို​ကျောင်းဝင်​ပို့ဖို့ကား​ပေါ်မှာ​စောင့်​​နေသည်​။

ထမင်းချိုင့်​ကို​နောက်​ခန်းမှာအရင်​ထားလိုက်​ပြီးမှကား​မောင်းမယ့်​​ဖေ​ကြီး​ဘေးနားမှာဝင်​ထိုင်​လိုက်​သည်​။

"​မေကြီးမုန့်​ဖိုး​ပေးလိုက်​​သေးလား"

"မ​ပေးလိုက်​ဘူး
ဒါ​ပေမယ့်​ သားမှာရှိပါ​သေးတယ်​"

ရှိ​သေးတယ်​​ပြော​ပေမယ့်​​ဖေကြီးကပိုက်​ဆံအိတ်​ထဲကိုလှမ်းယူလိုက်​​တော့မျက်​လုံး​တွေကတလက်​လက်​....

"​ရော့ ​ဖေကြီး​ပေးထား​သေးတယ်​လို့​မေကြီးကိုမ​ပြောနဲ့ဦး
နောက်​​နေ့​တွေကြသားကိုမုန့်​ဖိုးမ​ပေးပဲ​နေဦးမယ်​"

"ဟုတ်​ ဟီး..."

တစ်​ဦးတည်း​သောသား​ပေမယ့်​သာမာန်​ဝန်​ထမ်းမိသားစုမလို့
အသုံးအစွဲနဲ့ပတ်​သက်​ရင်​Jiminကစည်းကမ်းရှိပါသည်​။

ကိုကို့အူကွူး(ကိုကို့အူကြူး)Where stories live. Discover now