စာမျက်​နှာ ဆယ့်​ခုနှစ်​(စာမျက်နှာ ဆယ့်ခုနှစ်)

5.6K 590 39
                                    

မနက်​ဖြန်​Taehuyng​မွေး​နေ့...
အ​ကောင်​​ပေါက်​က​တော့မှတ်​မိလားမမှတ်​မိလားမသိ​ပေမယ့်
မမှတ်​မိလည်းTaehyungက​တော့အပြစ်​ယူမှာမဟုတ်​။
ချစ်​တာကိုး....။

မမှတ်​မိလည်းအပြစ်​မယူဘူးဆို​ပေမယ့်
ရုံးကို​ရောက်​ကတည်းကဖုန်းကိုတကြည့်​ကြည့်​လုပ်​​နေမိသည်​။Jiminရဲ့အကျင့်​စရိုက်​နဲ့ဆို​မွေး​နေ့မှန်းသိရင်​စား​ကောင်းတာတစ်​ခုခုဝယ်​​ကျွေးဖို့ ဒီ​နေ့​လောက်​ကတည်းကပူဆာ​နေရမှာ...။
စဉ်းစားတာ​ခေါင်း​ခြောက်​လာတဲ့အဆုံး ထပ်​မ​တွေးနိုင်​​တော့ပဲ
ချိတ်​ထားတဲ့ကုတ်​ကိုဆွဲကာ Jiminတို့ဌာနဘက်​ထွက်​လာလိုက်​သည်​။

သူတို့ရုံးခန်းနားမ​ရောက်​ခင်​မှာပဲ​ကော်​ဖီစက်​နားမှာ​ကော်​ဖီ​ဖျော်​​နေတဲ့Jiminကို​တွေ့တာ​ကြောင့်​​ဘေးဘီဝဲယာကိုတစ်​ချက်​ကြည့်​လိုက်​ပြီးလူရှင်းတာ​သေချာမှ လက်​ကိုသွားဆွဲကာသီးသန့်​​လှေကားဘက်​ကို​ခေါ်လာလိုက်​သည်​။
ရူတ်​တရက်​ကြီးဆွဲ​ခေါ်ခံလာရတာမလို့လန့်​သွားပုံရတဲ့အ​ကောင်​​ပေါက်​က​လှေကား​ထောင့်​ချိုး​ရောက်​တဲ့အထိမျက်​လုံး​တွေပြူးဝိုင်း​နေတာမ​ပျောက်​.....။

"ကိုကိုဘာဖြစ်​လာတာလဲ"

"လွမ်းလို့..."

ပြောရင်းနဲ့ပဲတင်း​နေ​အောင်​​ပွေ့လိုက်​​တော့လည်းအလိုက်​သင့်​​လေးပါလာသည်​။

"အာ....မနက်​ကထိအတူတူရှိ​နေ​သေးတာကို"

မသိချင်​​ယောင်​​ဆောင်​​နေတာ​တော့မဖြစ်​နိုင်​​တော့
သူ့​မွေး​နေ့ကို​မေ့​နေတာပဲဖြစ်​မည်​။
အာရုံ​တွေများ​နေတတ်​တဲ့​ကောင်​​လေးမလို့ မှတ်​မိ​အောင်​မလုပ်​​တော့ပါဘူး။မနက်​ဖြန်​ကြမှ စား​ကောင်းတာတစ်​ခုခုလိုက်​​ကျွေးပြီးအ​မေတို့အိမ်​လို​က်​ပို့လိုက်​ပါ​တော့မယ်​။

"ဖက်​လို့ဝရင်​လွှတ်​​ပေး​တော့
ကြာ​နေရင်​သူများ​တွေတစ်​မျိုးထင်​လိမ့်​မယ်​"

ဖြစ်​နိုင်​ရင်​အကြာကြီးဖက်​ထားချင်​​ပေမယ့်​အလုပ်​မှာမလို့လွှတ်​​ပေးလိုက်​ရသည်​။
လှည့်​ထွက်​ခါနီးမှလက်​​ကိုတစ်​ချက်​ဆွဲပြီးနဖူး​လေးကိုဖွဖွ​လေးတစ်​ချက်​နမ်းလိုက်​​သေးသည်​။

ကိုကို့အူကွူး(ကိုကို့အူကြူး)Where stories live. Discover now