စာမျက်​နှာ ​ခြောက်​(စာမျက်နှာ ခြောက်)

3.8K 546 19
                                    

"မိုက်​လို​က်​တာPark Jiminရယ်
ငါတို့ရှက်​လိုက်​တာ"

အခုထက်​ထိအဖြစ်​အပျက်​​တွေကိုလိုက်​လို့မမှီ​သေးတဲ့Jiminက​တော့ အသက်​မရှိတဲ့သူလို​ဖေကြီးနဲ့​မေကြီး​ရှေ့မှာငုတ်​တုတ်​...
မေကြီးက​တော့ငိုလိုက်​ဆူလိုက်​နဲ့​ပေမယ့်
စကတည်းကတစ်​ခွန်းမှဝင်​မ​ပြောတဲ့ ​ဖေကြီးက​တော့
မျက်​နှာတစ်​ခုလုံးနီရဲလျက်​ ​ဒေါသ​တွေကိုထိန်းချုပ်​​နေပုံရသည်​။

အဖြစ်​အပျက်​​တွေက​မေဂျာ​လေ့လာ​ရေးခရီးကစခဲ့သည်​ထင်​။

---

Taehyungမျက်​လုံး​တွေကိုဖွင့်​ကြည့်​လိုက်​​တော့
ကားပြတင်းမှန်​ကိုမှီပြီးအိပ်​​ပျော်​​နေတဲ့​ကောင်​​လေးကို​တွေ့သည်​။
စော​စော​လေးကမျက်​လုံး​တွေမှိတ်​ထား​ပေမယ့်
ဒီ​ကောင်​​လေးခိုးခိုးကြည့်​​နေတာကိုလည်းသိသည်​။

အခုကြ​တော့အိပ်​​ပျော်​​နေလိုက်​သည်​မှာသူမဟုတ်​တဲ့အတိုင်း...။
ငယ်​ရွယ်​တဲ့က​လေးကိုစိတ်​ဒဏ်​ရာ​တွေမ​ပေးချင်​တာ​ကြောင့်
သူ​တောင်းပန်​ဖို့ဆုံးဖြတ်​လိုက်​ပြီး ဒီခရီးစဉ်​မှာအတူတူကျ​အောင်​ အားထုတ်​ခဲ့သည်​။
သူ့အ​ဖေရဲ့နာမည်​ကိုနည်းနည်း​လေးသုံးလိုက်​တာနဲ့
ဒီခရီးရဲ့အစီအစဉ်​ကသူ့လက်​ထဲကို​ရောက်​လာပြီး
သူဖြစ်​ချင်​သလိုဖြစ်​​စေခဲ့သည်​။

ကမ်း​ခြေကို​ရောက်​တဲ့အထိမနိုးတဲ့​ကောင်​​လေးကိုသူ​အောက်​ဆင်းပြီးမှ​ကောင်​​လေးရဲ့သူငယ်​ချင်းSoraကိုသွားနှိုးခိုင်းလိုက်​သည်​။

အိပ်​မှုန်​စုန်​မွှားနဲ့မျက်​လုံး​တွေကိုပွတ်​ပြီးဆင်းလာတဲ့​ကောင်​​လေးက အစိမ်းရင့်​​ရောင်​ဟိုဒီ​လေးနဲ့ချစ်​ဖို့​ကောင်းသည်​။
သူညီ​လေးဖြစ်​ရင်​​ကောင်းမှာပါပဲ။

နှစ်​​ယောက်​တစ်​ခန်းမှာသူနဲ့​ကောင်​​လေးနဲ့ကအတူတူ...
အခန်းထဲဝင်​ဝင်​ချင်းတစ်​လုံးတည်းရှိတဲ့ နှစ်​​ယောက်​အိပ်​ကုတင်​ကြီးကိုမြင်​ပြီး​ကောင်​​လေးမျက်​နှာ​တွေနီရဲသွားတာသတိထားမိသည်​။
နှစ်​​ယောက်​ခန်းကို​ရွေးချယ်​ခဲ့​ပေမယ့်
ကုတင်​ဘယ်​နှစ်​လုံးရှိလဲဆိုတာကို​မေးဖို့က​တော့သူတကယ်​​မေ့သွားတာဖြစ်​သည်​။

ကိုကို့အူကွူး(ကိုကို့အူကြူး)Where stories live. Discover now