တစ်ညလုံးအကို့ကိုအပူကျအောင် ရေဝတ်တင်ပေးနေခဲ့ရတဲ့Jiminက ဆိုဖာပေါ်မှာပဲပင်ပင်ပန်းပန်းနဲ့အိပ်မောကျသွားခဲ့သည်။
နိုးလာတဲ့အချိန် ထမင်းစားခန်းကအသံတွေကြားလို့ထကြည့်မိတော့ ဘာတွေကိုတကုပ်ကုပ်အလုပ်ရှုပ်နေမှန်းမသိတဲ့အကို။"အဟမ်း"
ဘာပြောရမှန်းမသိတာနဲ့ချောင်းဟန့်သံပေးလိုက်တဲ့သူ့ကို
အကိုကအပြစ်လုပ်ထားတဲ့မျက်နှာပေးနဲ့မချိသွားဖြဲလေးရယ်ပြသည်။"နေကောင်းပြီဆိုလည်း သက်သက်သာသာနားနေလို့မရဘူးလား
တစ်ညလုံးပင်ပန်းထားတဲ့သူ့ကိုနည်းနည်းလေးအားနာတယ်ဆိုရင် ခင်ဗျားအဲ့လိုအပိုတွေလုပ်မနေသင့်ဘူး"ချက်ခြင်းပျက်သွားတဲ့မျက်နှာကိုကြည့်ပြီးစိတ်မကောင်းပေမယ့် ဖြူဖျော့နေတဲ့မျက်နှာနဲ့ပန်းကန်တွေဆေးပြီး
ဘယ်ချိန်ကတည်းကထပြင်ဆင်ထားမှန်းမသိတဲ့ဟင်းတွေကိုကြည့်ကာ ဂရုဏာဒေါသကထွက်လာသည်။"ကိုယ်ဗိုက်ဆာလို့ပါ
ကိုယ်ဗိုက်ဆာလာလို့ မင်းကိုလှမ်းခေါ်ပေမယ့်
မင်းကမထူးဘူး ပြီးတော့
ဆိုဖာပေါ်မှာအိပ်မောကျနေတာကိုတွေ့လို့ မနှိုးရက်တာနဲ့
ကိုယ့်အတွက်ကိုယ်ချက်ရင်း မင်းအတွက်ပါ ချက်ပေးနေ
တာ""ဘယ်သူကခင်ဗျားလက်ရာစားချင်ပါတယ်တဲ့လဲ
တစ်နှစ်ကျော်ကြီးတောင်ခင်ဗျားလက်ရာစားလာတာငြီးငွေ့လာပြီ အခုကစပြီးကျွန်တော့်အတွက်ဘာမှမချက်နဲ့"မနက်ရှစ်နာရီရုံးကိုရောက်ဖို့ရာ ငါးနာရီလောက်ကတည်းကအိပ်ယာကထပြီးချက်ပြုတ်နေရတာကိုအားနာနေခဲ့တာ။
ကောင်းကောင်းမွန်မွန်နောက်ကိုအစောကြီးထပြီးအဲ့လိုမလုပ်ဖို့ပြောချင်ပေမယ့် ပါးစပ်ကထွက်လာတာတွေကစိတ်ထဲကပြောချင်တာတွေဟုတ်မနေခဲ့။"ကိုယ်ချက်တာမကောင်းလို့လားဟင်"
"ငြီးငွေ့လာတာပါဆို "