စာမျက်​နှာ ရှစ်​(စာမျက်နှာ ရှစ်)

3.7K 548 8
                                    

"မင်းအ​ဖေငါက လက်​ခံလိုက်​ပြီ
သားရဲ့"

တစ်​​လျှောက်​လုံးထိုင်​​နေရင်းက​နေဘာစကားမှဝင်​မ​ပြောခဲ့တဲ့အ​ဖေဆီကစကားကJiminကိုထိတ်​လန့်​​စေသည်​။
ဒီအဓိပ္ပါယ်​မရှိတဲ့လက်​ထပ်​ဖို့​စေ့စပ်​ညှိနှိုင်းတာကိုအ​ဖေကဘယ်​အ​ကြောင်း​ကြောင့်​နဲ့လက်​ခံလိုက်​ရတာတဲ့လဲ။

"တစ်​ကုမ္ပဏီလုံးသိ ပတ်​ဝန်းကျင်​တစ်​ခုလုံးသိ​နေတဲ့အဖြစ်​အပျက်​ကြီးကို မင်းတို့လူငယ်​​တွေကဘယ်​လိုမှမဖြစ်​​ပေမယ့်
အ​ဖေတို့လူကြီး​တွေကရှက်​တယ်​ သား"

"ဟာဗျာ
သားတို့လူငယ်​ချင်းဖြစ်​တဲ့ပြသနာက အဲ့​လောက်​ထိကြီးသွားရမှာမဟုတ်​ဘူး​လေ"

"အ​နေအထိုင်​မဆင်​ခြင်​တုန်းက မဆင်​ခြင်​ပြီး​တော့
အခုမှ အထွန့်​​တွေတက်​မ​နေနဲ့ Park Jimin
မိဘကဒါဆိုဒါလိုက်​ နင့်​အ​ဖေနဲ့ငါနဲ့ကသ​ဘောထားချင်းအတူတူပဲ ယှဉ်​​ပြောရ​ကြေးဆို
ဟိုဘက်​ကက​လေးကလည်း ​ပေါ့​ပေါ့​သေး​သေးမဟုတ်​ဘူး
လက်​ထပ်​ပွဲအတွက်​စိတ်​ကိုပြင်​ဆင်​ထား
သွား​တော့ အ​ပေါ်တက်​နား​တော့"

အေး​ဆေးလွန်းတဲ့အ​ဖေထက်​ အ​မေကိုပို​ကြောက်​ရတဲ့Park Jiminကပြန်​မ​ပြောရဲ​တော့ပဲ
အ​ပေါ်ထပ်​ကိုတက်​လာရ​တော့သည်​။

အခန်းထဲကို​ရောက်​တာနဲ့တံခါးကိုတမင်​တကာပင်​အသံမြည်​​အောင်​ဒုန်းကနဲပိတ်​လိုက်​ပြီး လွယ်​အိတ်​ကိုဖြစ်​သလိုလွှင့်​ပစ်​လိုက်​သည်​။

ကုတင်​​ပေါ်ကိုပစ်​စလက်​ခက်​လှဲချပြီး မျက်​လုံး​တွေကိုမှိတ်​ကာ စဉ်းစားခန်းဝင်​​နေတုန်းမှာပဲ ​ဘောင်းဘီအိတ်​ထဲကဖုန်းကမြည်​လာသည်​။ဘယ်​သူနဲ့မှစကား​ပြောချင်​စိတ်​မရှိတာ​ကြောင့်​မကိုင်​ဖို့လုပ်​​ပေမယ့်​ သုံးခါ​လေးခါအထိဇွဲမ​လျော့ပဲ​ခေါမ​နေ​တော့ ကိုင်​လိုက်​ရသည်​။

"ဟယ်​လို"

"Park Jimin နင်​ဘယ်​လိုဖြစ်​ရတာလဲ"

"ဘာကိုလဲဟာ နင့်​ကိုငါအဲ့ကိစ္စကရှင်းပြပြီးပြီ​လေ"

"ဘာကိစ္စလဲ
နင်​နဲ့စီနီယာနဲ့လက်​ထပ်​မယ့်​ကိစ္စကိုလား"

ကိုကို့အူကွူး(ကိုကို့အူကြူး)Where stories live. Discover now