♡. 2 [UNICODE]

4.5K 338 6
                                    


' အတန်းဆင်းရင် ဆိုင်ပဲ တန်းသွားမှာလား ရိပေါ်...  '

ရှေ့မှာ ထိုင်နေတဲ့ မေ့လင်း မေးခွန်းကို ခေါင်းပဲ ခါပြရင်း သူ့ပန်းကန်ထဲက နံနံပင်တွေကိုပါ တူနဲ့ လှမ်းနှိုက်လိုက်တယ်....

' ရိပေါ်ရယ် နင့်မှာလည်း ကြိုက်လိုက်ရတဲ့ နံနံပင်!... သူများထက်ကို ထူးတယ် နင်က '

မေ့လင်းရဲ့ တအံ့တဩ လေသံကို ရယ်ပဲ ရယ်ပြနိုင်တယ်...

ရိပေါ်ကလည်း ရိပေါ်.....

သူများတွေဆို နံနံပင် ဆို သိပ်မကြိုက်ကြပေမယ့် ရိပေါ်ကတော့ နံနံပင်ကိုဆို အသည်းစွဲ...

' ထားပါ ...... ဆိုင် ဘာလို့ မသွားတာလဲ.. '

' အော်... ဒီနေ့ ကျိုးချန်ကောက ကိစ္စရှိလို့ဆိုပြီး ဆိုင်ပိတ်တယ်လေ.. အဲ့တာကြောင့်မို့.. '

' အော်..... ဒါဆို အိမ်ပြန်မယ်ပေါ့.. '

' ဟင့်အင်း... အက သွားကျင့်မလို့... ဘာလို့ မေးတာလဲ.. ဘာလဲ ငါနဲ့ ဒိတ်ချင်လို့လား..'

စပ်ဖြဲဖြဲနဲ့ ပြောတဲ့ စကား အဆုံး ရိပေါ်ခေါင်းပေါ် မေ့လင်း လက်ထဲက ဇွန်းက ဒေါက်ခနဲ...

' ချီး!.. နာတယ်ဟ.. '

' နာတတ်ရင် သောက်ပေါက်ကရတွေ မပြောနဲ့!... '

ရိပေါ် နှာခေါင်းကို ရှုံ့ပြီး ပွစိပွစိ ပဲ ပြောနိုင်တယ်..

မဟုတ်ရင် တူပျံ တွေ ဇွန်းပျံတွေ ရောက်ချလာတော့မှာ....

ဒီကောင်မလေးက ဘယ်နှယ့်ကြောင့် ကြမ်းတမ်းနေရတယ် မသိဘူး....

တစ်ခုခုဆို အဆဲက သန်ပြီးသား လက်ကပါပြီးသား...

ကျောင်းမှာ မေ့အော်တို့ အဖွဲ့ ရိပေါ့်ကို အနိုင်ကျင့်ပြီဆို သူက ရှေ့က ဝင်ဝင်ဆော်တာမို့ ကျောင်းမှာဆို မေ့အော်က ရိပေါ့်ကို သိပ်အနိုင် မကျင့်ရဲ....

' ဟဲ့! ... သွားကြီးဖြဲပြီး ပြုံးစိစိ လုပ်မနေနဲ့ ... ဒီမှာ နွားပွဲစားမရှိဘူး...  အတန်းပြန်တက်ရတော့မယ် လာ!... မြန်မြန်!... '

လက်မောင်းကနေ ဆွဲသွားတာမို့ ရိပေါ့်မှာ ဒရွတ်တိုက်မတတ် ပါသွားရပြန်တယ်...

21st Century Cinderella StoryWhere stories live. Discover now