♡.9 [UNICODE]

3K 325 7
                                    


ရှောင်းကျန့် ကားပေါ်က ဆင်းဆင်းချင်း သက်ပြင်းတစ်ချက်ချရင်း ဝမ်အိမ်တော်ကြီးကို မော့ကြည့်လိုက်တယ်....

ရှောင်းကျန့် ကြော်ငြာကိစ္စတစ်ခုကြောင့် ရှန်ဟိုင်း ရောက်နေခဲ့ရာကနေ ပြန်လာလာချင်း ကိုယ့်အိမ်တောင် ကိုယ် မပြန်ရသေးပဲ ပါပါး ပယောဂကြောင့် ဒီအိမ်ကို ရောက်လာရပြန်သည်....

ဒီအိမ်ကလည်း ဘာကြောင့်များ အတင်း ထမင်းစား ဖိတ်ချင်နေရတယ် မသိပါ...

တစ်ခါကလည်း ပါပါးတို့နဲ့ အတူ ဖိတ်ပြီးပြီပဲကို....

အခုတစ်ခေါက်လည်း သူ့သမီး မွေးနေ့ဆိုပြီး ဖိတ်ပြန်တာပဲ...

ပါပါးက မလာအားလို့ သူ့ကို သွားခိုင်းလိုက်တာ....  

ခြံထဲကို ဖြည်းဖြည်းချင်း ဝင်သွားရင်း ဟိုကောင်လေး ရိပေါ်ကို သတိရသွားတာမို့ တစ်ခါတည်း တောင်းပန်ဖို့ပါ စိတ်ကူးလိုက်တယ်..

မဆီမဆိုင် အလကား သွားအော်မိတာကိုးးး....

အိမ်ဝရောက်တော့ ညီအမနှစ်ယောက်ထဲက တစ်ယောက်နဲ့ တိုးတယ်...

' ဒယ်ဒီရေ .... ကိုကိုရောက်လာပြီ...'

နေပါဦးး!!!... ကိုကို?

ရှောင်းကျန့် ဘေးဘီကို ဝေ့ကြည့်တယ်..

အိမ်ဝမှာ သူတစ်ယောက်ပဲ ရှိတာ.....

ဆိုတော့!... သူ့ကို ခေါ်တာပေါ့....

ရှောင်းကျန့် မျက်ခုံးတွေ မသိမသာ ကျုံ့သွားတယ်...

' လာလေ ကိုကိုရဲ့.... မေ့အော်က ကိုကို့ ကို စောင့်နေတာ.... '

လက်မောင်းကို အတင်းချိတ်ပြီး ဆွဲခေါ်တဲ့နောက် ပါသွားရတယ်....

ရှောင်းကျန့် ဖယ်ထုတ်ချင်ပေမယ့် သူ့အိမ်ပေါ် တက်ပြီး သူ့အပေါ် မရိုင်းချင်ပါ....

ထမင်းစားခန်းထဲ ရောက်တော့ ဥက္ကဌ ဝမ်ရော ကျန်တဲ့ လူတွေပါ အစုံရောက်နေကြပြီ....

ကျန်တဲ့ လူတွေဆိုတာ သူတို့ မိသားစုဝင်တွေပါပဲ....

ပြောတော့ သူ့သမီး မွေးနေ့ပါဆိုပြီး ဧည့်သည်က ရှောင်းကျန့် တစ်ယောက်တည်းမို့ အနည်းငယ်တော့ ရိပ်မိလိုက်သည်...

21st Century Cinderella StoryWhere stories live. Discover now