' စီနီယာ ရှောင်းကျန့်ကလေ တအားတွေ ချောလာတာသိလား... '
' အင်း... '
' အရင်ကလည်း ချောတယ် ဆိုပေမယ့် အခုက ပိုချောလာတာဟ... '
' အင်း... '
' သရုပ်ဆောင်လောကမှာလည်း တော်တော်လေး နာမည်ကြီးတာဟ သိလား... '
' အင်း... '
' နင် သူ့ကို မမှတ်မိဘူးလား!
' အင်း ..'
' ဝမ်ရိပေါ်!!!!.. နင်ကလည်း တအင်းအင်း နဲ့ .... စိတ်မပါ လက်မပါ ပုံကြီး... '
ဘေးမှာ နှုတ်ခမ်းကြီး ထော်လာတဲ့ မေ့လင်းကို စိတ်ပျက်လက်ပျက် ပဲ ကြည့်လိုက်မိတယ်....
ကျောင်းလေး တစ်ရက် စောစော ရောက်လာပါတယ် .... ကျောင်းပေါက်ဝမှာ ရပ်စောင့်နေတဲ့ ကျေးဇူးရှင်က တွေ့ပါပြီ ဆိုတည်းက ပြောလိုက်တဲ့ ရှောင်းကျန့် အကြောင်း.....
ရိပေါ့်မှာ ဖြူသလား မည်းသလားတောင် မသိတဲ့ သူအကြောင်း နားထောင်ပေးနေရတဲ့ အပြင် တ အင်း အင်း နဲ့ ထောက်ခံပေးနေတာတောင် ဒင်းက မကျေနပ်နိုင်သေးဘူး.....
ဒီ အရူးမရဲ့ ဖွန်ကြောင် လယ်ဗယ်ကတော့ High ချက်ပဲ....
' အား!!!!!!!!!!!!!!!!!!!!!!! '
' ရှောင်းကျန့် ကောကော!!!!.. ရှောင်းကျန့်ကောကော!!!!!!!!!!!!!!!'
ဘေးနားက စီခနဲ အသံတွေနဲ့ အတူ အုပ်စုလိုက်ကြီး ရိပေါ့်နားက ဖြတ်ပြေးသွားတာမို့ ခန္ဓာကိုယ်လေးကိုတောင် ကျုံ့လိုက်မိတယ်...
တော်သေးတယ် ဘေးကပ်ရပ်နေလို့ ....
မဟုတ်လို့က ရိပေါ့်ကို တက်တောင် နင်းသွားနိုင်တဲ့ အခြေအနေ.....
ဘေးက မေ့လင်းက ရိပေါ့်လက်မောင်းကို ဆွဲပြီး...
' လာ...လာ... ရိပေါ်.... ငါတို့ သွားကြည့်ရအောင်... '
' ဟာ..... ရူးနေလား.. သွားချင်ရင် နင့်ဘာနင် သွား.. '
' လာပါဟ... နင်ပါတော့ ငါတိုးရသက်သာတာပေါ့.. '
' သေလိုက်!... ယောကျ်ားလေးတန်မဲ့ ငါက သူ့ကို ဘာလုပ်ဖို့ လိုက်ကြည့်ရမှာလဲ..... နင့် ဘာသာနင် သွား... '

YOU ARE READING
21st Century Cinderella Story
Fanfictionတကယ်တော့ မင်းက ကိုယ့်ရဲ့ ၂၁ရာစု စင်ဒရဲလား♡ Start ~ 14 March 2020 Crd to Another Cinderella Story of Selena Gomaz... မူရင်း Movie နဲ့ တူတာတွေ လည်း ပါပြီး မတူတာတွေ လည်း ပါပါတယ်♡ တကယ်တော့ မင်းက ကိုယ့်ရဲ့ ၂၁ရာစု စင်ဒရဲလား♡ Start ~ 14 March 2020 Crd to...