♡. 13 [ZAWGYI]

2.2K 241 13
                                    


* အကို  .... ရိပေါ်ရော...  *

အကိုကျိုးချန်ကို ကူဖို့ ဆိုင်အောက်ထပ်ကို ဆင်းလာတဲ့ ရိပေါ့် ခြေလှမ်းတွေက ..

ခပ်သဲ့သဲ့ ကြားလိုက်ရတဲ့ စီနီယာ့ အသံကြောင့် တုံ့ခနဲ..   

ရိပေါ် နေမကောင်းလို့ နားနေတဲ့ အကြောင်း အကိုကျိုးချန်ပြောပြတော့....

* ကျွန်တော် တက်သွားလို့ ရမလား* ဆိုတဲ့ အသံနောက်..

ခြေလှမ်းတွေကို ပြန်လှည့်ရင်း အခန်းထဲ ဝင်  ပြီး
Lock ပါ ချပစ်လိုက်တယ်...

ရိပေါ် အခုချိန်မှာ စီနီယာ့ကို မတွေ့ချင်သေးဘူး...

မတွေ့ရဲတာဆို ပိုမှန်မယ် ထင်တယ်...

စီနီယာနဲ့ တွေ့လို့ စီနီယာက သူ့ကောင်မလေး အကြောင်း ပြောလာခဲ့ရင် ရိပေါ် နားထောင် ပေးနိုင်ပါ့မလား မသေချာဘူးလေ...

အခန်းတံခါးကို မှီထိုင်နေရင်း ဒူးနှစ်ဖက်ပေါ် မျက်နှာမှောက်ထားမိတယ် ..

အမှန်တိုင်းပြောရရင် ... 

စီနီယာက ရိပေါ့် ဘဝမှာ ပါး .. မား နဲ့ မေ့လင်း ပြီးရင် အခင်တွယ်ရဆုံးလူပဲ....

ဒါပေမယ့်လည်း  ရိပေါ့်မှာ ဆုံးရှုံးရမယ့် ကံက ပါလာပြီးသား ထင်ပါတယ်....

နေ့ခင်းက ကြားခဲ့ရတဲ့ စကားတွေလိုပဲ... 

ရိပေါ် ထက်စာရင်တော့ ရိုစီဆိုတဲ့ တစ်ယောက်က စီနီယာနဲ့ ပိုပြီး လိုက်ဖက်တယ် မဟုတ်လား....

ရိပေါ်ကတော့ စီနီယာ အတွက် သနားလို့ ဂရုစိုက်ပေးလိုက်ရတဲ့ ကောင်လေး တစ်ယောက်ပဲ ထင်ပါတယ်.....

* ရိပေါ်...... အထဲမှာ ရှိလား.. ကိုယ်ပါ.. ရှောင်းကျန့်လေ.... နေမကောင်းဘူးဆို... တံခါး ဖွင့်ပါဦး... *

တံခါးနောက်က ကြားလိုက်ရတဲ့ အသံကြောင့် ရိပေါ် ကိုယ်ကို ကျုံ့လိုက်မိတယ် ....

* ရိပေါ်... ရိပေါ်... *

တကြော်ကြော် ခေါ်နေတဲ့ အသံတွေကို လစ်လျှူရှုမိတော့  အိတ်ကပ်ထဲ ထည့်ထားတဲ့ ဖုန်းမှာ ပေါ်လာတာက စီနီယာ့ နာမည်...

စက်ကို ပိတ်ချလိုက်ရင်း အိပ်ယာပေါ်တက်ပြီး စောင်ကို ဆွဲခြုံထားလိုက်သည်...

21st Century Cinderella StoryWhere stories live. Discover now