♡.16 [UNICODE]

2.9K 303 47
                                    


* လွမ်းတယ်... *

သမိုင်းဆရာရဲ့ စာသင်ချိန်ကြီး ဘောင်းဘီအိတ်ကပ်ထဲက မီးလင်းလာတဲ့ ဖုန်းကြောင့် ခိုးပြီး ဖွင့်ကြည့်မိတာ...

ပေါ်လာတဲ့ Message ကြောင့် နားရွက်ဖျားတွေ ရဲခနဲ......

ပြီးတော့ နှုတ်ခမ်းဖျားတွေလည်း ကော့တက်သွားတာ ကိုယ့်ကိုကိုယ် သတိထားမိလိုက်သည်...

ဘေးက မေ့လင်းက ရိပေါ့် လက်ထဲက ဖုန်းကို လှမ်းခိုးကြည့်ရင်း မျက်ဖြူလန်ပြတယ်...

သူအမြင်ကပ်လည်း ကပ်ချင်စရာပါပဲ...

မနက်ကတင် ကျောင်းကို တူတူလာပြီး အတန်းချိန် တစ်ချိန်ပဲ ကုန်သေးတာကိုမှ Message ပို့ပြီး လွမ်းပြနေတဲ့ စီနီယာပဲကိုး....

သမိုင်းဆရာထွက်သွားတော့ မေ့လင်းက သူ့ထိုင်ခုံကို ရိပေါ့်ဘေး အတင်းတိုးလာတယ်..

'ဟဲ့ ..   ရိပေါ်... '

'ဘာလဲ...  '

' နင်..  စီနီယာ့ကို အဖြေပြန်မပေးသေးဘူးလား... '

' ငါ......  ငါက စီနီယာနဲ့ တွဲလို့ ဖြစ်ပါ့မလား.. '

' ကျစ်!... နင်ကလည်း... နင်လည်း သူ့ကို ချစ်တယ်မလား...သူကလည်း နင့်ကို ချစ်တယ်လေ ... ပြီးပြီပေါ့... တွဲလို့ ဖြစ်တယ် မဖြစ်ဘူး ရှိမလား..  '

'ဒါပေမယ့် သူက... '

' သူက နာမည်ကြီး မို့လို့ နင် ဒီလိုတွေးနေတာမလား.....  ရိပေါ်.... သူတောင် သတ္တိရှိသေးတာ.... နင်လည်း စွန့်စားကြည့်လို့ မဖြစ်ဘူးလား... '

' အေးပါ...  '

' အေးပါ လုပ်မနေနဲ့ ..... အဖြေပေးစရာရှိလည်း မြန်မြန်ပေးလိုက် မူမနေနဲ့... '

' နေပါဦး  ... မေ့လင်းမ  .... နင်က ငါ့သူငယ်ချင်းလား သူ့သူငယ်ချင်းလား??...
ငါ့ဘက်တော်သားလား သူ့ဘက်တော်သားလား? .. '

ရိပေါ် မေးတော့ ကျေးဇူးရှင်မက စပ်ဖြဲဖြဲ နဲ့ ပြန်ဖြေတယ်  

' နင့် သူငယ်ချင်း သူ့ဘက်တော်သားပါ' တဲ့လေ...

ဘယ်လောက်တောင် ထုပစ်ချင်စရာကောင်းလိုက်သလဲ....
.
.
.
.
.
.
.

21st Century Cinderella StoryWhere stories live. Discover now