♡. 22 [ZAWGYI]

1.2K 120 8
                                    


" ကိုကို ကျွန်​တော် ​ကြောက်တယ်..."

ခြံတံခါးဝကို ကား​ရောက်တဲ့ အခါ ရိ​ပေါ်က ​ရှောင်းကျန့်နား အတင်းတိုးကပ်ပြီး ဘွား မကြား​အောင် တိုးတိုး​လေး ​ပြောတယ်...

အမှန်​တော့ ရိ​ပေါ် အဲ့လို​ပြောလာတာ အကြိမ်မ​ရေတွက်နိုင်​​လောက်​အောင်ကို များ​နေပြီ....

ပေကျင်းအိမ်က ထွက်လာတည်းက တတွတ်တွတ်​ပြောလာတာ အခု ရှန်ဟိုင်း အိမ် ​ရောက်တဲ့ အထိပဲ... 

မအီမလည် မျက်နှာ​ပေး​လေးနဲ့ ​ကြောက်​နေတဲ့ ​ကောင်ငယ်​လေးရဲ့ လက်ဖဝါးကို ဆုပ်ကိုင်လိုက်​​​တော့ ​အေးစက်​နေတဲ့ လက်ဖျား​တွေနဲ့ ​​​ချွေး​စေး​တွေ ထွက်​နေတဲ့ လက်ဖဝါးနုနုက​​လေး...

ကား​ပေါ်က ဆင်းပြီး အိမ်ထဲ ဝင်တဲ့ အထိ ​ရှောင်းကျန့်နားက မခွာပဲ ခပ်ကုပ်ကုပ်က​လေး လုပ်​နေ​တော့တာ....

ဘွားက​တော့ သူ့ ​မြေးသမက်​လောင်းကို အမြဲ ပြုံးပြုံး ပြုံးပြုံးနဲ့  ကြည့်​နေ​တော့တာပဲ.. 

အ​ရှေ့က​နေ ဝင်သွားတဲ့ ဖွားကို အိမ်ထဲက ထွက်လာတဲ့ ပါးနဲ့ မားက ထွက်ကြိုတယ်.....

" သား... ဟို​ကောင်​လေးကို ​ခေါ်လာမယ်ဆို"

ရှောင်းကျန့်​​နောက်မှာ ကွယ်​နေတဲ့ ရိ​ပေါ့်ကို မားက မမြင်ပဲ ​ရှောင်းကျန့်ကို ​မေး​​လေရဲ့..

မားရဲ့ အ​မေးကို ဘွားက မျက်​စောင်းသဲ့သဲ့ထိုးရင်း ထ​ပြောတယ်

" ညည်း​အေ!... ဘာ ဟို​ကောင်​​လေးလည်း ​သမက်ကလည်း သားပဲ​ပေါ့​​အေ့... သား​လေးပဲ ​ခေါ်စမ်းပါ ငါ့​မြေးကို "

" အဟမ်း"

" ဘာအဟမ်းလဲ... ​ရှောင်းမင်!... နင့် မျက်နှာတည်ကြီးကို ပြင်စမ်း ငါ့​မြေး ​ကြောက်​နေပြီ... လာ... လာ... ဘွားရဲ့ ​​မြေး​လေး အိမ်ထဲဝင် "

" ​ဟောဗျာ "

သူ့ဘာသာသူ ​ချောင်းဟန့်တဲ့ ပါးကိုလည်း ရန်လုပ်လို့ ​ရှောင်းကျန့်နားကပ်​နေတဲ့ ​ရိ​ပေါ့်ကို ဆွဲလို့ အိမ်ထဲ ဝင်ချသွား​တော့တာ....

ရိ​ပေါ်က​တော့ လှည့်ကြည့် လှည့်ကြည့်​လေးနဲ့ ပါသွားပြန်တာပဲ... 

21st Century Cinderella StoryWhere stories live. Discover now