♡. 5 [UNICODE]

3.3K 312 24
                                    


' ဟဲ့... ဟဲ့..   ဟဲ့ ..  ဟိုမှာ စီနီယာ ရှောင်းကျန့်.... '

နေ့လည်စားနေတဲ့ ရိပေါ့် ပခုံးကို တဖျတ်ဖျတ်ရိုက်ရင်း ပြောတဲ့ မေ့လင်းကြောင့် ကျစ်ခနဲ စုတ်သတ်လိုက်မိတယ်...

စီနီယာလာတာနဲ့ ရိပေါ်ကို မဆီမဆိုင်ရိုက်စရာလား... သူ့အားကြီးနဲ့.. နာမှနာပဲ...

' အဲ့တာ ဘာဖြစ်လဲ မေ့လင်းရာ.... နင့်လက်ပြတ်ကြီးနဲ့ လာလာ မရိုက်စမ်းပါနဲ့... '

' နင်ကလည်း.... ဟဲ့...ဟဲ့..  စီနီယာ ရှောင်းကျန့်က ငါတို့ ဝိုင်းကို ကြည့်နေတာလား.... '

တဟဲ့ဟဲ့ နဲ့ ကြက်မကြီး သားပျောက်သလိုဖြစ်နေတဲ့ မေ့လင်း စိတ်ချမ်းသာအောင် မော့ကြည့်လိုက်တယ်...

စီနီယာ့လို လူက သူတို့ကို ကြည့်နေပါ့မလား.....

ဒါပေမယ့် ရိပေါ်မော့ကြည့်တဲ့ အချိန်မှာ စီနီယာက တကယ်ပဲ ရိပေါ်တို့ ဝိုင်းကို ကြည့်နေတာ....

ကြည့်ရုံတင်မကဘူး...  ပြုံးစိစိနဲ့ ကိုယ်တွေဆီ ဦးတည်လျှောက်လာတဲ့ စီနီယာ ကြောင့် ကိုယ့်ဘေးက မေ့လင်းပါ မကပဲ တခြား မိန်းကလေးတွေကပါ အားးး ဆိုပြီး ထအော်ကြတော့တာပဲ ..

ရိပေါ့်မှာ အလန့်တကြားနဲ့ နားနှစ်ဖက်ကို ပါ လက်နဲ့ အုပ်မိသွားတယ်..

အရင်ဘဝက Loudspeaker များ လှူခဲ့ကြသလားကွာ.... 

မျက်စိရှေ့မှာ မတ်တပ်ကြီး လာရပ်တဲ့ စီနီယာကြောင့် ရိပေါ် ငုတ်တုပ်မေ့နေတယ်.....

မေ့လင်းဆို ပါးစပ်ကြီးပါဟနေပြီ....

' ရိပေါ်...နော်...နာမည်က... ဟုတ်တယ်မလား... '

' အာ... ဟုတ်... စီနီယာ... ဘာကိစ္စများ ရှိလို့..  '

'ဟင်... ကိစ္စ? ကိစ္စရှိမှ နှုတ်ဆက်ရမှာလား.. ဟိုနေ့က ပြောတော့ ကျောင်းမှာ တွေ့ရင် ခေါ်လို့ရတယ်ဆို...  '

' မဟုတ်ပါဘူး... ကျွန်တော်က ရုတ်တရက်ကြီးဆိုတော့..... '

ခေါင်းကုတ်ရင်း ဖြေတဲ့ ရိပေါ်ကို ကြည့်ရင်း စီနီယာက တဟိဟိ နဲ့ ရယ်တယ်...

ဘေးက အသံတွေကလည်း ပြဲခနဲပဲ ......

' ဟုတ်ပါပြီ..  ကိုယ် သွားပြီနော်.. ရိပေါ့်ကို တွေ့လိုက်လို့ လာနှုတ်ဆက်တာ...  နောက်နေ့လည်း တွေ့ရင် နှုတ်ဆက်မှာနော်... ကိစ္စမရှိလည်း နှုတ်ဆက်မှာ.. '

21st Century Cinderella StoryWhere stories live. Discover now