♡.15 [UNICODE]

3K 306 78
                                    

' ဟိုမယ် ..  VIP လာနေပြီ'

ကောင်တာမှာ ထိုင်နေတဲ့ အကိုကျိုးချန်ရဲ့ အပြောကြောင့် ဘေးမှာ အမှာလက်ခံနေတဲ့ ရိပေါ်က ကြောင်သွားပေမယ့်

မေးငေါ့ပြတဲ့ အကိုကျိုးချန်ရဲ့ ဦးတည်ရာကို တွေ့တဲ့ အခါ နားလည်သွားတာမို့  ရယ်ပြမိတော့  အကိုကျိုးချန်က တပြုံးပြုံး...

လမ်းမတစ်ဘက်က ကားပါကင်မှာ ကားထားပြီး လမ်းကူးလာတဲ့  စီနီယာယွီပင်းနဲ့ အတူ ဆိုင်ထဲ ဝင်လာတာက စီနီယာရှောင်းကျန့်...

တစ်ကိုယ်လုံး အနက်တွေပဲ ဝတ်ပြီး ဦးထုပ် ခပ်ငိုက်ငိုက်စောင်းရင်း  Mask ပါတပ်လာတဲ့ စီနီယာက ရိပေါ်ရှိနေတဲ့ ကောင်တာဆီ တန်းနေအောင် လျှောက်လာတယ်..

' သောက်စရာလေး မှာချင်လို့ပါဗျ... '

ရွှတ်နောက်နောက် လေသံနဲ့ လူကို မျက်စောင်းထိုးရင်း

' ဒီက ဧည့်သည်က ဘာ မှာ မှာပါလဲ ခင်ဗျာ... ' လို့ မေးတော့

ရိပေါ့် အမေးကို ခပ်တိုးတိုးရယ်ရင်း Mask ကို ဆွဲချလိုက်တဲ့ စီနီယာဆီက အသံခပ်အုပ်အုပ်က ထွက်ကျလာတယ်.

' ဝမ်ရိပေါ် တစ်ခွက်လောက်.......  ချစ်စရာကောင်းတာလေး များများထည့်... ရေခဲ အစား အပြုံးတွေ ထည့်ပေးနော်.... ရလား.. '

' ဖာခ့်သယ်ဝှတ်ထ်!!!!!!!!.... '  ' စီနီယာ!!!!!!!... '

နားရွက်တွေပါ နီရဲလာတဲ့ ရိပေါ့်ရဲ့ စီနီယာဆိုတဲ့ အော်သံနဲ့ ပြိုင်တူ ထွက်ချလာတဲ့ ဆဲသံကြီးက စီနီယာ ယွီပင်းဆီက...

စီနီယာ့ အသံက ခပ်တိုးတိုးပေမယ့် သူ့ဘေး ကပ်ရပ်နေတဲ့ စီနီယာ ယွီပင်း သေချာပေါက် ကြားသလို...

ရိပေါ့်ဘေး ရှိနေတဲ့ အကိုကျိုးချန်ကလည်း မျက်လုံးကြီး ပြူးပြီး ကြည့်လာလေတယ်...

ရိပေါ် ဒီနေရာကနေ အငွေ့ပျံသွားဖို့ ဆုတောင်းနေရတယ်.... 

တကယ်ပဲ..  ဒီစီနီယာ ရူးများ သွားတာလား...

နေစရာမရှိအောင် ရှက်နေတဲ့ ရိပေါ်ကို ရှေ့က မျက်နှာပိုးမသေတဲ့ လူကတော့ မေးထောက်ပြီးကို စပ်ဖြဲဖြဲ လုပ်နေတော့တာ...

21st Century Cinderella StoryWhere stories live. Discover now