♡. 17 [Zawgyi]

1.8K 210 5
                                    


စာမေးပွဲ ခန်းရှေ့ မတ်တပ်ရပ်စောင့်နေတဲ့ ရှောင်းကျန့်နား ကျောင်းသူလေးတွေက တရုံးရုံး..

ဒီနေ့က စာမေးပွဲ နောက်ဆုံးနေ့မို့ ရိပေါ်နဲ့ သွားစရာရှိတာမို့လို့ ကိုယ့်စာကိုယ်တောင် မြန်မြန်ဖြေပြီး လာစောင့်နေတာ.... 

ဒါကိုပဲ တချို့ကလေးမတွေက ဖြစ်သလိုဖြေပြီး ရှောင်းကျန့်နား ရောက်နေကြလေရဲ့

စာဂျပိုးလေးရိပေါ်ကတော့ ဖြေနေတာများ တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းပါ မဖော်...

ရိပေါ့် နောက်က ခုံမှာ ခေါင်းကုတ် နေတဲ့ မေ့လင်းကို ကြည့်ပြီးတော့ ရယ်ရသေးတယ်....

အချိန်မပြည့်မချင်း အဖြေလွှာကို ထပ်တလဲလဲ စစ်နေတဲ့ ကောင်ဆိုးလေးကို ပြေးကိုက်ပစ်ချင်တာ...

စာမေးပွဲ ဖြေတဲ့ တစ်လျှောက်လုံး အခန်းထဲက နောက်ဆုံးမှ ထွက်တာ ဘယ်သူလဲ မမေးနဲ့....

ရိပေါ်မှ ရိပေါ်ပဲ ..   

ရှောင်းကျန့် တသက်မှာ ဟိုက်ပါ တွေနဲ့ အလက်ဂျစ် ရှိပေမယ့် ရိပေါ်ကလေးကတော့ ချွင်းချက် .....

အချိန်ပြည့်လို့ Bell တီးတော့မှ စာရွက်အပ်ပြီး ထွက်လာတဲ့ လှုပ်တုပ်လှုပ်တုပ်နဲ့ ရှောင်းကျန့်ဆီ ဦးတည်လာနေတဲ့ ပေါက်စီလုံးလေးက မျက်နှာလေးကို ရွှင်လို့ ..

ကြည့်ရတာ အပုဒ့်စေ့ ဖြေနိုင်လာလို့ ဖြစ်မယ်...

မဖြေနိုင်လို့လည်း မရဘူးလေ... 

ရှေ့ရက်တွေက အိမ်ပြန်ပို့တဲ့ တစ်ချိန်ပဲ သူ့နားကပ်ခွင့်ပေးထားတာ....

ကျန်တဲ့ အချိန်တွေ ဆိုင်မှာတောင် ခွင့်ယူပြီး အပေါ်က သူ့အခန်းလေးထဲပဲ စာလုပ်နေတော့တာ...

ရှောင်းကျန့်မှာတော့ အိမ်ပြန်ပြီး စာလုပ်ရတယ်....

' စီနီယာ ဖြေနိုင်လား...  '

' ဖြေနိုင်ပါတယ် ရိပေါ်ရဲ့... ရိပေါ်ရော အပုဒ်စေ့ပဲမလား..  '

' ဟင်.... ဘယ်လို သိတာလဲ... '

မျက်ခုံးလေးပင့်ရင်း သိချင်စိတ်နဲ့ မေးနေတဲ့ ကောင်လေးကို ရှောင်းကျန့်မှာ အူတယားယား....

21st Century Cinderella StoryWhere stories live. Discover now