♡. 8 [ZAWGYI]

2.3K 240 13
                                    


' အကုန် လက်မြှောက်ထား.... ချမယ် မကြံနဲ့နော်.... အချိန်ပိုတိုးသွားမယ်... '

မျက်နှာရှေ့ လာလာရမ်းနေတဲ့ ကာယဆရာရဲ့ ကြိမ်လုံးကြီးကို ရှောင်ရင်း ဘေးကိုလှည့်ကြည့်တော့

မိန်းကလေး အုပ်စုဘက်မှာ ဒူးထောက် လက်မြှောက်နေရတဲ့ မေ့လင်းက မျက်နှာ မဲ့နေပြီ...

သူတို့ အခုက ကျောင်းတံခါးဝမှာ....

ကျောင်းနောက်ကျလို့ တန်းစီပြီး ဒူးထောက်လက်မြှောက်နေရတယ်....

ရိပေါ် အိမ်က စောထွက်လာပေမယ့် လမ်းမှာ မေ့လင်း အိမ်က ကားနဲ့ တွေ့တော့ ဟာကြူလီမက မနက်စာ မစားရသေးဘူးဆိုလာတာမို့ ကျောင်းနားက ဆိုင်မှာ မုန့်သွားစားတာ လိုက်ပေးရသေးတယ်...

နှစ်ယောက်လုံး လေးနေတဲ့ ဗိုက်ကို သယ်ရင်း လေးတိလေးကန် လျှောက်လာကြရင်းကနေ.....

ကျောင်းထိပ်မှာတွေ့လိုက်ရတဲ့ ကာယဆရာကို တွေ့မှ မေးရိုးတွေ ပြုတ်ကျမတတ် လန့်သွားရတယ်...

တခြားဆရာတွေဆို ကျောင်းတံခါး ပိတ်ချိန်ထက် ၁၅ မိနစ်လောက် နောက်ကျတဲ့ အထိ ခွင့်လွှတ်တတ်ပေမယ့်

ကာယ ဆရာကတော့ သူ့လက်ထဲက နာရီမှာ အချိန်ပြည့်တာနဲ့ ကောက်ပိတ်တာပဲ...

အဲ့အခါ နောက်ကျတဲ့ ကျောင်းသား တစ်ယောက်ယောက်က ငါးမိနစ် ထဲပါ ဆရာရယ် လို့ ပြောရင် သူ့လက်က Rolex ကြီးကို အကုန်မြင်အောင် ထောင်ပြရင်း ဆယ်မိနစ် ကွ ဆယ်မိနစ်လို့ ပြန်အော်တတ်တယ်...

အမှန်က သူ့နာရီက ရိပေါ်တို့ အားလုံးရဲ့ နာရီထက် ငါးမိနစ် မြန်နေတာ....

အခုတော့ ကျောင်းသားရော ကျောင်းသူရော ၁၅ ယောက်လောက် ကျောင်းတံခါးနားမှာ ဒဏ်ပေးခံနေရတယ် ...

ပြစ်ဒဏ်ချိန်ပြည့်တာနဲ့ အကုန်လုံးကို ခေါင်း တစ်ယောက်တစ်ချက်ဆီ လိုက်ခေါက်ရင်း နောက်ရက်တွေ နောက်မကျဖို့ ဆူပူပြီး ကြိမ်လုံးကြီး ဂျိုင်းကြားညှပ်ပြီး ထွက်သွားတော့တာပဲ...

နှစ်ယောက်သား ထော့နဲ့ ထော့နဲ့ နဲ့ အတန်းထဲ ဝင်တော့ ပထမဆုံး အချိန်သင်တဲ့ ဆရာမက လှမ်းနောက်တယ်..

21st Century Cinderella StoryWhere stories live. Discover now