♡. 7 [ UNICODE]

3.1K 296 19
                                    

' အဟမ်း... အဟမ်း... '

စာသင်ခန်းတိုင်းရဲ့ အပေါ်ထောင့်မှာ တပ်ထားတဲ့ Sound boxတွေ ကနေ ထွက်လာတဲ့ ချောင်းဟန့် သံကြီးကြောင့် ကျောင်းသားတွေရော စာသင်နေတဲ့ ဆရာတွေပါ ခေါင်းထောင်ကုန်ကြတယ် ......

အဲ့အထဲ ရိပေါ်တို့ အခန်းလည်း ပါတယ်....

ရှေ့မှာ ရပ်နေတဲ့ သင်္ချာ ဆရာမက ပွစိ ပွစိ အသံတွေကို ရှူးခနဲ သတိပေးရင်း Sound box ကို လက်ညှိုးထိုးပြတယ်..

သဘောကတော့ သေချာနားထောင်ပေါ့လေ...

ဒီ Sound Box တွေက ကျောင်းအုပ်ကြီး ရုံးခန်းနဲ့ ဆက်သွယ်ထားတာ...

' မင်္ဂလာပါ ... အကိုက ရှောင်းကျန့်ပါ.... '

' အားးးးးးးးးးးးး '

' ဗြန်းးးးး '

Sound box က ထပ်ထွက်လာတဲ့ အသံကို ကြားတာနဲ့ ထအော်လိုက်တဲ့ ကျောင်းသူတွေကို ဆရာမက  Black Board ကို ဗြန်းခနဲ ချရင်း သတိပေးတယ်....

အကုန် တိတ်ကျ သွားတာ တိခနဲပဲ ....

' တနေ့က ပါတီပွဲမှာ ပျော်ခဲ့ကြမယ် ထင်ပါတယ် .... အကို  ပြောချင်တာကလေ ပွဲမှာ တုန်းက ကပြီး ထွက်ပြေးသွားတဲ့ ညီလေး.... အကို့ကို  တစ်ချက်လောက် ဆက်သွယ်ပေးလို့ရမလားးး... '

ရိပေါ် စာအုပ်မှာ ဦးတည်ရာမဲ့ လျှောက်ခြစ်နေရင်း ခေါင်းထောင်လာတယ်...

ဘေးက မေ့လင်းလည်း ရိပေါ့်ဘက် ခေါင်းကြီးလည်လာတာ ဇက်ခနဲပဲ ....

' ဟို....တခြား ကိစ္စကြောင့် မဟုတ်ပါဘူး.... ညီလေးရဲ့ Memory Stick လေး အကို့ဆီ ကျန်ခဲ့တယ်....  သေချာပေါက် လာဆက်သွယ်ပေးပါလား.... အကို နေ့လည် ကန်တင်း မှာ စောင့်နေပါ့မယ်.. . ကျေးဇူးတင်ပါတယ်... '

Sound Box က အသံပျောက်သွားတာနဲ့ စာသင်ခန်းက ပြန်ဆူညံလာတယ်...

ရိပေါ်ကတော့ စားပွဲခုံပေါ်ပဲ ခေါင်းမှောက်ချလိုက်မိတယ်....

ရိပေါ် အဲ့တာကို တကယ် မေ့နေခဲ့တာ..... DJ သမားဆီ ပေးလိုက်တဲ့ Memory Stick ကို လုံးဝ သတိမရခဲ့တာ....

အခုတော့ စီနီယာ့ လက်ထဲ ရောက်သွားပြီ....

ကံကောင်းတာက အဲ့ထဲမှာ သီချင်းနည်းနည်းနဲ့ ရိပေါ်  ကထားတဲ့ Video တွေပဲ ရှိတယ်....

21st Century Cinderella StoryWhere stories live. Discover now