♡.19 [UNICODE]

2.3K 253 9
                                    

အခန်းထဲ သိသိသာသာကျလာတဲ့ နေရောင်ကို ကျောနဲ့ ကွယ်ရင်း ရင်ခွင်ထဲ ရောက်နေတဲ့ ကောင်လေးကို ခပ်တင်းတင်း ဆွဲဖက်လိုက်တယ်...

ညက ယွီပင်း စနက်ကြောင့်  အရှက်သည်းသွားတဲ့ အသည်းကျော်လေးက ကုတင်စွန်းမှာ ကပ်အိပ်နေတာများ ယောင်လို့တောင် လှည့်မလာ..

သူအိပ်ပျော်သွားမှ အသာလေး ဆွဲရင်း ရင်ခွင်ထဲ ထည့်ရတယ်...

အခုလည်း အပူအပင် ကင်းကင်း အိပ်ပျော်နေတာများ ပါးတွေကိုဖောင်းလို့...

ပါးတစ်ဖက်ကို ဖိအိပ်ထားတာမို့ နှုတ်ခမ်း လုံးလုံးလေးက ထော်ထွက်နေသေးတာ....

ပါးဖောင်းဖောင်းကြီးထဲ နှာခေါင်းကို နှစ်ချလိုက်တော့ နစ်ဝင်သွားတာများ  Mochi လုံးကြီးလို.....

ပါးလေးတွေက တစ်ဆင့် နဖူးကို ခပ်ဖွဖွနမ်းတော့ လူးလွန့်လာတဲ့ ကောင်ငယ်လေးက ရင်ခွင်ထဲ ပိုတိုးလို့ ထပ်အိပ်ပြန်တယ်...

ရှောင်းကျန့် ရယ်မိရတော့တာပါပဲ... 

စူထွက်နေတဲ့ နှုတ်ခမ်းလေးက အိမ်မက်ထဲ ဘာတွေ ဝါးနေမှန်း မသိ...

လှုပ်တုပ်လှုပ်တုပ်နဲ့....

မနေနိုင်တော့တဲ့ ရှောင်းကျန့်က နှုတ်ခမ်း လုံးလုံးလေးကို အပိုင်သိမ်းမိတော့ လန့်သွားပုံရတဲ့ ကလေးငယ်က မျက်လုံးတွေ ပြူးလို့ ကြည့်တယ်...

လက်တွေနဲ့ တွန်းဖယ်တာတောင် မလွှတ်တဲ့ ရှောင်းကျန့်ကြောင့် ရင်ခွင်ထဲက ရှက်သည်းပိုလေးက နားရွက်ဖျားတွေ နီဆွေးလာရင်း အနမ်းတွေကို တုန့်ပြန်လာတာမို့ နမ်းရင်း ပြုံးမိရသေး...

ရိပေါ် အသက်ရှူမဝတော့ပုံရလောက်တဲ့ အချိန်မှ လွှတ်ပေးမိတော့ လက်မောင်းပေါ်  လက်သီးတစ်ချက် ပစ်ကျလာရင်း တစ်ဖက်ကို မျက်နှာလွှဲသွားတဲ့ ကောင်လေး...

နီဆွေးနေတဲ့ နားရွက်တွေနဲ့ အတူတူ ထွက်လာတဲ့ အသံက တိုးလျှလျှ.....

' ကိုကို့ အောက်ပိုင်းက ' တဲ့....

ရှောင်းကျန့် ဘုရားတမိတော့တာပဲ..

ကုတင်ပေါ်က ဝုန်းခနဲ ထရင်း အခန်းပြင်ပြေးထွက်ရတယ်...

' အဟမ်း... ဟို.. ကိုကို မနက်စာ ပြင်ထားလိုက်မယ်... မျက်နှာသစ်ပြီး အောက်ဆင်းခဲ့နော်...  '

21st Century Cinderella StoryWhere stories live. Discover now