♡.10 [ZAWGYI]

2.3K 267 9
                                    


' ရိပေါ် ကိုယ့်ကို အက သင်ပေးပါလား... '

အဆက် အစပ်မရှိ ထပြောတဲ့ စီနီယာ့ စကား ကြောင့် ရိပေါ့် ပါးစပ်ထဲက ကိုက်လက်စ ကြက်ကြော်တုံး က ပန်းကန်ထဲ ဘုတ်ခနဲ...

စီနီယာ့ကို ကြည့်တော့လည်း ရုပ်တည်ကြီးပဲ....

အကုန်လုံးသိသွားတဲ့ နေ့ကတည်းက

စီနီယာက သူ ရိပေါ့်ကို ရှာနေခဲ့တဲ့ အကြောင်းတွေ...

ရိပေါ့်ကြောင့် အကကို ပြန်သင်ဖို့ ဖြစ်လာတဲ့ အကြောင်းတွေ ... 

ပြောပြထားတယ်ဆိုပေမယ့် ဒါကြီးကတော့ မဖြစ်နိုင်ဘူးလို့ ရိပေါ် ထင်သည်..

ရိပေါ် ကတတ်တယ်ဆိုတာက ဆရာသမားဆီကနေ သေသေချာချာ သင်ထားရတာမျိုး မဟုတ်

ကိုယ့်ဝါသနာမို့ ကရင်း ကရင်းကနေ အခုမှ တတ်ကျွမ်းလာသလိုရှိတာ...

စီနီယာ့ကို ပြန်သင်ပေးနိုင်ဖို့ အထိတော့ ရိပေါ် မရဲပါ...

' ရိပေါ်..... ရိပေါ်...  စီနီယာ ပြောနေတယ်လေ... '

ဘေးက မေ့လင်းက ပခုံး ပုတ်ရင်း ပြောမှ ရိပေါ် အတွေးလွန်နေတာ သတိထားမိတယ်...

ရှေ့တည့်တည့်က စီနီယာကတော့ ရိပေါ့် အဖြေကို စောင့်နေတယ် ... 

' မဖြစ်ဘူးထင်တယ် စီနီယာ.... ကျွန်တော် လုပ်နိုင်မယ် မထင်ဘူး..... ပြီးတော့ အချိန်ပိုင်း အလုပ်လည်း ရှိသေးတယ် စာတွေရောပဲ..  '

' အာ... ရိပေါ်ကလည်း... '

မျက်နှာ ညှိုးကျသွားတဲ့ စီနီယာက  နှုတ်ခမ်းတွေ စူလာရင်း လက်ထဲက တူနဲ့ ထမင်းတွေကို ဟိုထိုး ဒီထိုး လုပ်နေတယ်  

ဒီကြားထဲ မေ့လင်းက ဘေးကနေ ရိပေါ့် လက်မောင်းကို လာဆွဲဆိတ်ပြီး အသံတိတ်ဆူတယ်...

ဘာလို့ မသင်ပေးတာလဲ ဆိုပြီး...

ဒီ မေ့လင်းမက စီနီယာ မျက်နှာ ညှိုးတာနဲ့ သူငယ်ချင်းကို နှိပ်စက်တော့တာပဲ....

စီနီယာက အခုဆို အတန်းတက်ချိန်ကလွဲလို့ ရိပေါ်တို့နဲ့ အတူရှိနေတော့ မေ့လင်းတို့ အကြိုက်ကို ဖြစ်နေသည်...

တစ်ကျောင်းလုံးက လူတွေကလည်း ရိပေါ်တို့ကိုဆို မျက်စောင်း တခဲခဲ....

21st Century Cinderella StoryWhere stories live. Discover now