တံမြက်စည်းလေးတစ်ဖက်နဲ့
ချွေးဒီးဒီးကျနေတာကို
အရင်လို မျက်ရည်တွေကျနေတဲ့
ကောင်လေးမဟုတ်တော့တဲ့
ဝေ့ရင်းကိုကြည့်ရင်း လန်နိုင်ငံရဲ့
အရှင်သခင် လန်ဝမ့်ကျီး
သက်ပြင်းချမိသည်။ဘာတွေက ရင့်ကျက်သွားတာပါလိမ့်။
ဘာလို့ အရင်လို အသနားခံတဲ့
အကြည့်တွေနဲ့ မကြည့်တော့တာလဲ။အမှိုက်တွေကိသည်းကြီးမဲကြီး
လှည်းနေတဲ့ကောင်လေးကြောင့်
ဝမ့်ကျီးစုတ်သပ်မိသည်။
လက်လေးတွေတော့ ပေါက်ကုန်တော့မှာပဲကွာ။မနေနိုင်မထိုင်ဖြစ်မိသည်က သူသာပင်။
အပြစ်ပေးလျင်ဒီကောင်လေးနဲ့ဆို
ဝမ့်ကျီး ရှေ့မကြည့်နောက်မကြည့်
လူတစ်ယောက်ဖြစ်ဖြစ်သွားတတ်တာ။ရန်သူရဲ့သားကိုချစ်နေရတာလည်း
အရမ်းပင်ပန်းသည်လေ။ဝေ့နိုင်ငံရဲ့ လုပ်ကြံသတ်ဖြတ်မှု
အောက်မှာ ငယ်ငယ်က အသက်ရှင်
လွတ်မြောက်ခံတဲ့ ၀မ့်ကျီးတစ်ယောက်
အရွယ်ရောက်ချိန်မှာတော့
ခမည်းတော်အတွက်လက်စားချေဖို့
ဝေ့နိုင်ငံကိုသိမ်းရင်း
အားလုံးကိုသုတ်သင်ပစ်ခဲ့သည်။တစ်ယောက်ဆို တစ်ယောက်လေးမှမထားဘဲနဲ့။
ဒါပေမဲ့ ချောင်လေးထဲမှာ
မေ့မျောနေသည့်ဒီကောင်လေးကို
ရှာတွေ့ချိန်မှာတော့ ၀မ့်ကျီးနှလုံးသား
ထူးထူးခြားခြားခုန်ခဲ့သည်။ကြောက်လန့်စိတ်နဲ့ သိမရသေးသည့်
ကောင်လေးက သူ့မယ်တော်တွေဖွက်ထားခဲ့သည်ထင်ပါ့။ထိုအကြောင်းကိုစဉ်းစားမိပြန်တော့
မုန်းသည့်စိတ်က စိုးမိုးလာရပြန်သည်။သူ့သားသမီးကျ သိတတ်လိုက်တာ။
ထိုတည်းက သတ်ပစ်ရန်စိတ်မကူးတော့ဘဲ
အနားမှာသာထားပြီးကိုယ်လုပ်တော်
မြှောက်ခဲ့သည်။အရွယ်ငယ်သေးသည့် ကလေးဖြစ်တာကတစ်ကြောင်း
ဝမ့်ကျီးရဲ့ သြဇာကြောင့်တစ်ကြောင်း
ကောင်လေးဆိုတာ အမြဲ မျက်ရည်လေးတလည်လည်နှင့်။မလုပ်နဲ့လို့ပြောထားလျင်လည်း
သူလုပ်ပြီးပြီ။
မကြောက်ဘူးလားဆိုတော့လည်း
ကြောက်တာနှစ်ယောက်မရှိ။
أنت تقرأ
ချစ်သောအရှင်(ချစ်သောအရှင်){Completed}