"ရှောင်ကျန့်...."
အသံသေးသေးလေးရဲ့ ဆွဲဆောင်မှုကြောင့်
ပိတ်ထားတဲ့မျက်လုံးများကို
အားယူဖွင့်မိသည်။ဘယ်ရောက်နေတာလဲ......
ပတ်ဝန်းကျင်ကတော့မြူတွေဆိုင်းလို့။
အဖြူရောင်ပြင်ကျယ်ကြီးတစ်ခုကလွဲပြီး
ဘာမှမရှိတဲ့အနေထားမှာ ရှောင်ကျန့်
ထိန့်လန့်စွာ ပတ်ပတ်လည်ကိုကြည့်မိသည်။"ရှောင်ကျန့်...မကြောက်ပါနဲ့...
ငါ...ဝေ့ရင်းပါ""ဝေ့..ဝေ့ရင်း.."
"ငါ့ကိုကူညီပါဦးရှောင်ကျန့်!"
တုန်ရီနေတဲ့ သူ့ကိုယ်က
စကားလုံးတွေကို ထွက်ခွင့်မပြု။
နှုတ်ခမ်းတွေတွေ ခြောက်သွေ့နေတယ်လို့
ခံစားရတာကြောင့် လျှာဖြင့်တစ်ချက်သပ်ကာ
ငြိမ်နေမိသည်။ဘာကစပြောရမလဲမသိလို့။
"ရှောင်ကျန့်...ငါ့ကိုကူညီမယ်မလားဟင်.."
"ဘာ..ဘာကိုလဲ..."
"ငါ...ငါ့ခန္ဓာကိုယ်ထဲ ပြန်လာချင်တယ်.."
ရင်ခုန်နှုန်းတွေရပ်တန့်သွားပြီး
မျက်ဝန်းတွေ ကမျက်ရည်တွေက
အလိုလျောက်ခုန်ဆင်းလာသည်ဘာလို့ငိုတာလဲ.....
တကယ်ဆို သူ့ခန္ဓာကိုယ်သူလိုချင်တာ
တရားပါတယ်."အဲ့တော့...ငါဘာကူပေးရမှာလဲ..
တကယ်ဆို မင်းက သေချင်လွန်းလို့
ကိုယ့်ကိုကိုစီရင်ခဲ့တဲ့သူမဟုတ်ဘူးလား"စိတ်ထဲရှိတာပြောလိုက်တော့
တရွှတ်ရွှတ်နဲ့ ငိုသံလေး
ထွက်လာသည်။"ငါ...ငါ ...အဆုံးစီရင်တာမဟုတ်ဘူး...
ငါ..လူသတ်ခံရတာ..""ဘာ!!"
"ဟုတ်တယ်...ငါ့ကို လူတစ်ယောက်
အဆောင်တော်ပေါ်ကနေတွန်းချသွားတာ...ဘယ်သူမှန်းလဲမသိဘူး..
ငါသတိရတော့ ငါ့ခန္ဓာကိုယ်ထဲမှာ
မင်းရောက်နေပြီ...."ရုတ်တရက် ဆိတ်ငြိမ်တဲ့အနေထားမှာ
ဝေ့ရင်းငိုသံဟာပျံ့လွင့်လို့။
ရင်ဘတ်ထဲက ခံစားရတဲ့
အနေထားကတင်းကျပ်လိုက်တာဆိုတာ။"ငါ့ကို တရားခံဖော်ပေးပြီး ငါ့ခန္ဓာကိုယ်ကို
ပြန်ပေးပါနော်....ငါတောင်းဆိုပါတယ်"
BINABASA MO ANG
ချစ်သောအရှင်(ချစ်သောအရှင်){Completed}
Fanfictionအချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း အချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း