Part 10

13.3K 1.3K 27
                                    

*ဟင့်အင်း...ရှောင်ကျန့်*

*ရှောင်ကျန့်...မချစ်ရဘူး...*

*ရှောင်ကျန့်...ငါတောင်းပန်ပါတယ်။
ဝမ့်ကျီးကို...အဟင့်...အဟင့်*

တရွှတ်ရွှတ်နဲ့ ငိုသံတွေကို မကြားချင်ယောင်ဆောင်ကာ
မျက်လုံးကိုတင်းနေအောင်မှိတ်ထားမိသည်။

မငိုပါနဲ့ဝေ့ရင်း။

ငါလည်းဘာမှမတတ်နိုင်လို့ပါ။

*မင်း...ကိုငါတောင်းပန်နေတာ...
မချစ်ရ.."

တိုးသွားလိုက်ကျယ်လာလိုက်နဲ့ဝေ့ရင်း
ငိုသံတွေက ရှောင်ကျန့်ကျောဘက်ကနေ
ပြောနေမှန်းသိသာပါတယ်။

စကားလုံးတွေပျောက်သွားမှာစိုးလို့
အလုအယက်နဲ့ပြောနေတဲ့ဝေ့ရင်းကို
သူကြောက်သည်။

ဘယ်တုန်းကကြောက်သွားလဲဆိုရင်
ကြာလာလေကြောက်လာလေဖြစ်လာတာ
လို့ပဲဖြေမည်။

"ဝေ့ရင်း...အိပ်မပျော်ဘူးလား"

လှုပ်ရွရွလေးနဲ့ ရင်ခွင်ထဲတိုးလာတဲ့
ရှောင်ကျန့်ကိုယ်လေးကြောင့်
ဝမ့်ကျီးသတိထားမိကာ မေးလိုက်တော့

"ကျွန်...ကျွန်တော့ကိုဖက်ထားပေး....."

"နေမကောင်းဘူးလား!"

"ဟင့်အင်း...ဒီတိုင်းဖက်ထားပေး..."

ချွေးစို့နေတဲ့ နဖူးပြင်လေးကို နမ်းရိုက်ခံလိုက်ရတဲ့
တစ်ခဏမှာ ဝေ့ရင်းရဲ့ ငိုသံက
ကျယ်လောင်စွာ....

"အိပ်တော့နော်..ကိုရှိတယ်..."

တစ်ကိုယ်လုံးကိုနစ်နေအောင်ဖက်ထားပေးတဲ့
ဝမ့်ကျီး ကြောင့် မိုးလင်းခါနီးကြ
အိပ်ပျော်သွားခဲ့ရသည်။

နိုးလာတော့ ဆေးတစ်ခွက်နဲ့စောင့်နေတဲ့
အစေခံတွေကြောင့်

"ငါဘာမှမဖြစ်ဘူး.."

"မသောက်လို့မရပါဘူး...အရှင်က
သေချာမှာလိုက်လို့ပါ..."

"မသောက်ချင်ဘူး...ဆေးကြီးက
မဲတူးနေတာပဲ...ခါးမဲ့ပုံကြီး"

"မခါးပါဘူးအရှင်...ဒါ အားဆေးသပ်သပ်ပါပဲ။"

ကမ်းပေးလာတဲ့ ဆေးခွက်ကြီးကိုကြည့်ရင်း
တစ်ချက်မဲ့လိုက်သေးတဲ့ ရှောင်ကျန့်ကို
သမားတော်ကြီးကရယ်ပြသည်

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Место, где живут истории. Откройте их для себя