မြေပြင်ပေါ်ဝပ်တွားနေတဲ့လူတွေကြား
တစ်ယောက်သောသူကတော့ထူးခြားနေခဲ့သည်။
ဘာလို့လဲဆို သူရဲ့လက်တွေကို
ရဲမက်နှစ်ယောက်ကဖမ်းချူပ်ကာ
ကျောကိုနှိမ့်ထားလို့။"သတ်ချင်နေတာလား.."
".........."
ပြန်မဖြေတဲ့ကောင်လေးရဲ့မေးဖျားလေးကို
ပင့်တင်ပြီး မျက်လုံးချင်းစူးစိုက်မေးသည့်တိုင်
ပြန်စာမလာခဲ့။"ဖြေလေ...ငါ့ကိုသတ်ချင်နေတာလား"
မျက်လုံးရဲရဲလေးတွေနဲ့အံလေးသာကြိတ်ထားပြီး
ဝမ့်ကျီးဆီ စကားပြန်မရှိတဲ့ကောင်လေးကြောင့်
တစ်ချက်ရယ်လိုက်ကာ ပင့်တင်ထားသော
မေးဖျားလေးကို ပိုပင့်တင်လိုက်ကာ
နှုတ်ခမ်းနှစ်ခုကို ထိကပ်ပစ်လိုက်သည်။"အခုဖြေလို့ရပြီလား..."
မိနစ်ဝက်လောက်ထိကပ်ထားလိုက်ပြီး
ပြန်ခွာကာမေးမြန်းလိုက်တော့
ကောင်လေးကမျက်ရည်တွေဝဲနေလေပြီ။"စောစောက ငါ့ကိုလုပ်ကြံတည်းက
စဉ်းစားခဲ့ရမှာ....သူ့ကို ဒီတစ်ည
အကျဉ်းချထားလိုက်..."သူ့စကားသံအဆုံး ဆွဲခေါ်သွားတဲ့ရဲမက်တွေရဲ့
နောက်ကို တရွတ်တိုက်မဖြစ်ရုံတမယ်ပါလာခဲ့ရသည်။*ဒုန်း*
အမှောင်ခန်းထဲပစ်ထည့်ခံလိုက်ရပြီး
ပိတ်သွားသောတံခါးကြောင့်ပတ်ပတ်လည်အမှောင်အတိ။နံရံတစ်ခုကိုအားပြုကာ မှီထားရင်း
စောစောကအဖြစ်ပျက်ကို
ပြန်တွေးနေမိသည်။*ဘာပုံရိပ်တွေလဲ...*
ရှောင်ကျန့် လေးကိုကိုင်ပြီး
ဝမ့်ကျီးဘက်လှည့်လိုက်သည်ထိတော့
သတိကောင်းကောင်းရှိသေးသည်။ဝမ့်ကျီးကိုကျိန်ဆဲခဲ့ပေမဲ့
တကယ်မျှားကိုပစ်လွှတ်လိုက်ဖို့
မရည်ရွယ်ခဲ့။ရုတ်တရက်မြင်လိုက်ရသည့်ပုံရိပ်က
ဒီလေးကွင်းထဲမှာတင်......ဒါပေမဲ့ ရပ်နေသူက ၀မ့်ကျီးမဟုတ်ဘဲ
ရှောင်ကျန့်နဲ့ဆင်တူသော ဝေ့ရင်းဆိုသည့်
ကောင်လေး။သူ့ရဲရှေ့မှာ
လေးကြိုးနဲ့ချိန်ရွယ်ထားသူက
ရှောင်ကျန့်မဟုတ်ဘဲ ၀မ့်ကျီးဖြစ်နေသည်။
![](https://img.wattpad.com/cover/211552765-288-k50944.jpg)
أنت تقرأ
ချစ်သောအရှင်(ချစ်သောအရှင်){Completed}