"ယား...ကျား...."
ဓားရေးကွင်းဘက်စစ်ဆေးထွက်တုန်း
ရင်းနှီးတဲ့အသံလေးကြောင့်
ဝမ့်ကျီး ဓားရေးကွင်းဘက် လျှောက်လာခဲ့လိုက်သည်။"ကိုယ်လုပ်တော်..တော်ပါတော့..."
"ငါ့ကိုသင်ပေးလို့ပြောနေတာကိုမသင်ပေးဘဲနဲ့
ဘာအခုမှကြောက်ပါပြီလဲ...
ထပ်ပြီးမသင်ပေးဘူးပြောရဲပြောကြည့်...
ဒီကောက်ရိုးရုပ်တွေ တစ်ရုပ်မှ
မကျန်စေရဘူး....ငါဟဲ့ရှောင်ကျန့်...
ကျား...."ဓားကြီးတရမ်းရမ်းနဲ့ ပစ်ကွင်းထဲက
ကောက်ရိုးရပ်တွေတစ်ရုပ်မှမကျန်အောင်
ဓားနဲ့လိုက်ပိုင်းနေတဲ့ ကောင်လေးကြောင့်
သွားများပေါ်သည်ထိပြုံးမိသည်။စစ်သူကြီးခမျာလည်းခေါင်းကုတ်ကာ
မြေကြီးပေါ်မှာဆောင့်ကြောင့်ကြီးထိုင်ကာ
မနိုင်၍လွှတ်ပေးထားရသည့်ပုံ။"အားလုံးကို နားခိုင်းလိုက်တော့..."
အနားကအတိုင်ပင်ခံကိုပြောလိုက်တော့
အရိုသေပေးကာ စစ်သူကြီးအား
အားလုံးနားရန်သွားပြောရှာသည်။စစ်သူကြီးတို့နားဖို့ပြင်နေတော့
စူပုတ်နေသည့်ကောင်လေးက
စစ်သုကြီးလက်ကိုပြေးဆွဲကာအပူကပ်နေသေးသည်လေ။ဝေ့ရင်းဆိုတာ ၀မ့်ကျီးတစ်ယောက်ပဲ
ထိကိုင်ခွင့်ရှိတဲ့လူမို့ ခေါင်းမြဲချင်တဲ့စစ်သူကြီးက
သူ့ကိုထိမှာစိုးငဖြင့်ကွင်းထဲပတ်ပြေးနေရှာသည်။ကောင်လေးကလည်း လက်ညိုးလေးတထိုးထိုးနှင့်
ဘာတွေတောင်းဆိုနေလဲမသိ။စင်မြင့်ပေါ်မှဆင်းပြီး ကွင်းထဲလျှောက်လာလိုက်တော့
သူ့ကိုမြင်သည်နှင့်စစ်သူကြီးမှာ
မြေပေါ်မှောက်ခုံပြားပြားဝပ်ကာ"ကျွန်တော်မျိုးထွက်ပြေးပါသေးတယ်အရှင်..
ကိုယ်လုပ်တော်ဝေ့က!""အကုန်ထွက်သွားကြ..ထီးတော်မိုးပါမကျန်"
ကြောင်စီစီနဲ့လူတွေရှင်းသွားမှ
ကောင်လေးကို သူကြည့်လိုက်တော့
သူမဆိုင်သည့်ပုံနှင့် ဟိုကြည့်ဒီကြည့်လုပ်နေတဲ့
ကောင်လေး။""ဘာလာလုပ်တာလဲအရှင်..."
ဘုရင်ကိုသူ့သူငယ်ချင်းတွေ့သည့်တိုင်း
ပြောနေပေမဲ့ သူစိတ်မဆိုးမိ။
ဘာလို့ဆို ဝေ့ရင်းဖြစ်နေလို့။
![](https://img.wattpad.com/cover/211552765-288-k50944.jpg)
ВЫ ЧИТАЕТЕ
ချစ်သောအရှင်(ချစ်သောအရှင်){Completed}