"မယ်မယ် ....ဘာကိစ္စရှိလို့လဲ။"
မယ်မယ်က ၀မ့်ကျီးအခန်းကိုလှည့်ပတ်ကြည့်ရင်း
ပြုံးပြသည်။"သားတော်လေးရဲ့အဆောင်က သပ်ရပ်နေတာပဲ။
ဟင်းးးးငယ်ငယ်က အရမ်းဆော့တဲ့ ၀မ့်ကျီး
သေးသေးလေးမဟုတ်တော့သလိုပဲ""...."
"သားတော်သိလား...ငယ်ငယ်က
သားတော်လေးကအရမ်းမယ်တော့စကားနားထောင်ပြီး
အချွဲလေးဖြစ်ခဲ့တယ်ဆိုတာ""........"
"အင်းးးးဒါတွေက အခုတော့အိမ်မက်လိုပဲ။
သားတော်ရဲ့ ခမည်းတော်ကလည်း
မယ်တော့ကို တစ်ယောက်တည်းချန်ထားခဲ့တယ်။""ခမည်းတော်ကောင်းကင်ဘုံကနေ
သားတော်တို့ကိုစောင့်ရှောက်နေမှာပါ""ဟင့်....မကောင်းတဲ့သူကြီး။မယ်တော့ကို
တစ်ယောက်တည်းထားခဲ့ပြီးသူကတော့
ကောင်းကင်ဘုံမှာပျော်နေမှာပေါ့"စိတ်လိုလက်ရငိုပြလိုက်တော့
ဝမ့်ကျီးက သူမကျောကိုဖွဖွလေးပုတ်လာသည်။"မယ်တော်ဒီည သားတော်အခန်းမှာ
အိပ်ချင်တယ်""ရပါတယ်။အခုတော့ နားလိုက်အုံးမယ်မယ်"
သူမကိုကုတင်ပေါ်နေရာပြောင်းကာ
စောင်ခြုံပေးလိုက်ပြီး ၀မ့်ကျီး
စာလေ့လာရာနေရာကို လျှောက်လာခဲ့လိုက်သည်။ဒီည သူ့ကလေးကိုလာမယ်လို့ကတိပေးထားတာတော့
ပျက်ရပြီ။နောက်မှပဲ အဆိုးလေးဆဲတာ
ဒီဘုရင်ခံတော့မယ်။🎴🎴🎴🎴🎴🎴
ခြေသံတစ်လျှပ်လျှပ်ကြားတိုင်း
သူများလားလို့ ခေါင်းထောင်ကြည့်ရတာအမော။
မှောင်စ ပျိုးတည်းက ရှောင်ကျန့်
သူ့ကိုမျှော်နေတာ ခုထိပေါ်မလာတဲ့
ဘုရင်စုတ်။ပြောတော့ နက်ဖြန်ညမင်းနဲ့အတူတူ
ရှိနေပေးမယ်တဲ့။လှီးလက်စပန်းသီးလေးကိုအာရုံမရ။
သူ့စိတ်ထဲလန်ဝမ်ကျီးသာကြီးစိုးနေသည်။
အစတည်းက မလာနိုင်ရင်ဘာလို့ကတိတွေ
ပေးနေသေးတာလဲမသိဘူး။"အ!!"
ပြတ်ရှဒဏ်ရာကြောင့် သူ့လက်ညိုးမှာ
သွေးတွေရဲထွက်လာသည်။
လက်ကိုပါးစပ်ထဲငုံရင်း
ပြတင်းဝဘက်ခြေလှမ်းမိသည်။
![](https://img.wattpad.com/cover/211552765-288-k50944.jpg)
أنت تقرأ
ချစ်သောအရှင်(ချစ်သောအရှင်){Completed}