ကုတင်ပေါ်က ဖြူဖျော့ဖျော့ကောင်လေးကို
ကြည့်ရင်း ၀မ့်ကျီးသက်ပြင်းချမိသည်။
မီးခိုးမှိုင်းတွေနဲ့ လက်ဖြူဖြူလေးကို
ရေ၀တ်နဲ့တယုတယသုတ်ပေးလိုက်တော့
မြင်ရတဲ့ ဒဏ်ရာသေးသေးတွေကြောင့်
ရင်ဘတ်ထဲ စစ်ခနဲ။"အရှင်...အနားယူပါအုံး.."
"ရတယ်...မင်းတို့နားတော့...ငါကိုယ်တော်
စောင့်လိုက်မယ်.."သူ့စကားကို အစေခံတွေက တွန့်ဆုတ်နေကြသည်။
မလှမ်းမကမ်းက မယ်တော်ကမကျေနပ်သော
အကြည့်တို့ဖြင့်လှမ်ကြည့်ရင်း"သားတော်...ဘာမဟုတ်တဲ့ကိစ္စလေးနဲ့
ဘာလို့ အပင်ပန်းခံနေတာလဲ။
မယ်တော်သင်ထားတာတွေ မေ့သွားပြီလား။
အရေးမကြီးရင် သွေးနီးနေစရာမလိုဘူး
ဆိုတဲ့စကားကို.."၀မ့်ကျီးကသူမကိုမကြည့်ဘဲ ရှောင်ကျန့်
လက်ဖွေးလေးများကိုသာ တယုတယ ပွတ်သတ်ရင်း"သားနာလည်တာမို့ မယ်တော်ပြန်ပါတော့"
ရူးရူးရှဲရှဲဖြစ်သွားတဲ့သူမက
အဆောင်အပြင်ကိုသာ အလျင်အမြန်ထွက်သွားသည်။
ကျန်သော လူများအားလုံး
ဝမ့်ကျီးမောင်းထုတ်ပြီး ကုတင်ပေါ်က
အဖြူရောင်လေးရဲ့ ပါးဖောင်းဖောင်းလေးဆီက
အမဲရောင်မှိုင်းတစ်ချို့ကို သုတ်ပေးရင်း"သတိရလာပါတော့....မင်းကိုလွမ်းနေပြီကလေး.."
🎴🎴🎴🎴🎴🎴🎴
"ကျန့်ကော....ကျန့်ကောကျွန်တော့်ဆီ
ပြန်လာတယ်?.""၀မ့်ကျီး..."
အဖြူရောင်ပြင်ကျယ်ကြီးထဲ သူနဲ့
ကျန့်ကောတွေ့ဆုံမှု။
မြင်မြင်ချင်းပြေးဖက်တဲ့ကျန့်ကောရဲ့
နှုတ်ဖျားက တစ်ခြားတစ်ယောက်
နာမည်ကိုရေရွတ်ခဲ့တယ်။"ကျန့်ကော...ကျွန်တော်...."
"ငါ..သေသွားပြီလား ၀မ့်ကျီး."
"ကျန့်ကော...."
"ငါမင်းကို ဘယ်နှစ်ဘ၀ထိ ထားခဲ့ရအုံးမှာလဲ"
"ကျန့်ကော...ကျွန်တော် ၀မ်ရိပေါ်"
"ချစ်တယ်...."
"ဟန်..."
"မင်းကိုချစ်တယ်လို့..."
ရင်ခွင်ထဲက ကျန့်ကောက တသိမ့်သိမ့်ငိုနေတာမို့
သူစကားမဆက်တော့။လွတ်ထွက်သွားမှာစိုးလို့
ကျန့်ကောကိုယ်လေးကို တင်းနေအောင်
ဖက်ထားလိုက်သည်။
ESTÁS LEYENDO
ချစ်သောအရှင်(ချစ်သောအရှင်){Completed}
Fanficအချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း အချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း