Part 19

10.6K 1.1K 16
                                    

"သက်သာလား...."

လက်တစ်ဖက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်တဲ့
ဝမ့်ကျီးကို အားမပါစွာပြုံးပြမိသည်။
အစေခံတွေ အများကြီးနဲ့
မိဖုရားကြီးကိုယ်တိုင်သတင်းလာမေးသည်ဟုဆိုကာ
ရှောင်ကျန့်ကို ကုတင်ခြေရင်းကနေ စိမ်းစိမ်းကြီး
ကြည့်နေတဲ့ မိဖုရားကြီးကြောင့်
ရှောင်ကျန့် ဒီနေရာကနေ အငွေ့ပင်ပျံသွားချင်ပြီ။

"ကိုယ်လုပ်တော့်ဝေ့အတွက် ဆေးကျိုထားတယ်။
မယ်မယ်ကိုယ်တိုင်ခက်ခက်ခဲခဲ ရှာထားရတဲ့ဆေး။
ခဏလေးနဲ့ သက်သာသွားလိမ့်မယ်နော်"

ကမ်းပေးလာတဲ့ ဆေးရည်က နှာခေါင်းနား
ရောက်တာနဲ့ အလွတ်မှတ်မိနေတဲ့
အနံ့ကြောင့်နောက်ကိုတစ်ချက်တွန့်သွားသည်။

"ဘာဖြစ်လို့လဲဝေ့ရင်း"

"ငါ...."

"သောက်လိုက်ပါကိုယ်လုပ်တော်....မယ်မယ်ကြီးက
ကြိုးစားပမ်းစားရှာဖွေထားရတာလေ.."

ဘေးနားက မြှောက်ထိုးပင့်ခေါ် ကုန်းကုန်းက
စကားလမ်းကြောင်းကာ အတင်းအကျပ်
သောက်နေစေသည်။

ဆေးခွက်ကိုကိုင်ထားတဲ့ ၀မ့်ကျီးက
သက်ပြင်းချကာ

"အားလုံးအပြင်ထွက်ကြတော့..."

"သားတော်...."

"မယ်မယ်လည်း ထွက်ပါတော့..."

ပြောပြီး ရှောင်ကျန့်ကို ခေါင်းအုံးပေါ်
အသာလေးလှဲစေကာ စောင်ခြုံပေးလိုက်သည့်
ဝမ့်ကျီးအမူယာက အားလုံးကို
သတင်းမေးစရာမလိုဘူးဆိုပြီး
ပညာရှိနည်းနဲ့နှင်ထုတ်နေသယောင်။

အားလုံး အဆောင်ထဲကထွက်ခွာသွားတော့
ဝမ့်ကျီးက စောင်စကိုဆုပ်ကိုင်ထားတဲ့
ရှောင်ကျန့်လက်လေးတွေပေါ် ထပ်ကိုင်ရင်း

"အိပ်လိုက်နော်....နိုးလာမှဆေးတိုက်မယ်"

"ငါ...အဲ့ဆေးမသောက်ချင်ဘူး"

"ခါးလို့လား...."

"ဟင့်အင်း...မသောက်ချင်တာ။
တောင်းပန်ပါတယ်....တန်ကြေးရှိလွန်းပြီး
မင်းရဲ့မယ်မယ် ကြိုးစားရှာပေးထားတဲ့ဆေးကိုငါက"

"မလိုဘူး...."

ပြောပြီး ပြတင်းအပြင်ကနေ ဆေးကို
အသာလေးလှမ်းသွန်ပစ်တဲ့ဝမ့်ကျီးက
ရှောင်ကျန့်ကို တစ်ချက်လှမ်းကြည့်ရင်း

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Donde viven las historias. Descúbrelo ahora