"မယ်မယ်ကြီးကြွချီလာပါတယ်..."
အပြင်က အစေခံတစ်ချို့ရဲ့သတိပေးသံကို
ရှောင်ကျန့် နားစွင့်ပြီး စားလက်စမုန့်ကို
ပါးစပ်ထဲထို့းထည့်နေလိုက်သည်။"ရိုင်းစိုင်းလှချည်လား..မယ်မယ်ကြီးတစ်ယောက်လုံး
ကြွလာတာတောင် အစားနဲ့ပါးစပ်
မပျက်တဲ့မင်းကို မိဘတွေကဘယ်လို
သွန်သင်ထားတာလဲ.."ထုံးစံအတိုင်း မိဖုရားကြီးနားက
ကော်လိုကပ်နေတဲ့ ကုန်းကုန်းက
ထအော်ကာ ရှောင်ကျန့်ကို
အာဏာလာပြသည်။မိဘနဲ့တိုက်ခိုက်လာပေမဲ့ သူကဝေ့ရင်းမှမဟုတ်။
ဒီတော့ စားလက်စ ပေါင်မုန့်ကိုသာ
ပါးစက်ထဲ ပြည့်နေအောင်သွတ်ထည့်ရင်း
ထရပ်လိုက်ကာ အရိုသေပေးလိုက်သည်။"မင်း!!"
အမြဲ ဒေါသထွက်နေတဲ့ကုန်းကုန်းက
ရှောင်ကျန့်ကိုလက်ညိုးထိုးရင်
ရန်တွေ့ဖို့ပြင်လိုက်ပေမဲ့ လက်ကာပြတဲ့
မယ်မယ့်အမိန့်ကြား စကားတို့ရပ်တန့်ကာ
မကြည်ကြည့်နှင့်လှမ်းကြည့်သေးသည်။"လောက၀တ်လောက်တော့ မင်းမယ်တော်က
သင်ပေးမှာပါနော်...မင်းကြီးရဲ့
မယ်တော်ငါလာရင် မင်းကြီးတောင်မတ်တပ်ရပ်
ဂါရ၀ပြုတယ်။မင်းက ဘာလို့ ငါ့ကို
မလေးမခန့်လုပ်ရဲတာလဲ.."အေးဆေးတည်ငြိမ်တဲ့စကားအသွားအလာတိုငှ်းာ
ဒေါသတရားတွေကိန်းနေတာ အသိသာကြီး
ရှောင်ကျန့်ဆိုတာကလည်း ဘ၀ကို
ခက်ခက်ခဲခဲရှင်သန်လာခဲ့ရတဲ့သူ။ကျောင်းတက်ဖို့ကိုယ့်စရိတ်ကိုရှာရတယ်။
နယ်က မိဘကို ပြန်ထောက်ပံ့ရတယ်။
လူပေါင်းစုံနဲ့တွေ့ပြီး ဒုက္ခပေါင်းစုံ
ကြုံရတယ်။ဒီတော့ လူတွေအကြောင်းသိသင့်သလောက်သိပြီး
ရှောင်သင့်သလောက်ရှောင်တာကျွမ်းတယ်။
တစ်ခုပဲ....တစ်ယောက်သော သူနဲ့ပတ်သတ်ရင်
တုံးအတာကလွဲလို့ ကျန်တာအဆင်ပြေပါတယ်။"သဘောထားကြီးစွာခွင့်လွှတ်ပေးတော်မူပါမယ်မယ်..."
ပါးစပ်ထဲရှိလာတဲ့စကားနဲ့ ပြောထွက်မိသွားသည်ထိ
ရှောင်ကျန့် ဘယ်သူ့အားကိုးနဲ့
မိုက်ရိုင်းနေတာလဲ ကို့ဘာသာပင်
မသိတော့။
ESTÁS LEYENDO
ချစ်သောအရှင်(ချစ်သောအရှင်){Completed}
Fanficအချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း အချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း