"နိုးပြီလား ကိုယ်လုပ်တော်..!"
"ဟင်..!"
ဘာလဲ။ဒီအိမ်မက်ထဲကနေ ထွက်မရသေးဘူးလား။
"ကိုယ်လုပ်တော်။ဒီနေ့ အရှင်လာတွေ့မှာပါ..
အဲ့တာ ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရအောင်လေ..!"ကောင်လေးစကားကိုရှောင်ကျန့်မကြားသလို
ထိုနေရာလေးမှာပဲ ငုတ်တုတ်။"ဟိုလေ..ကျွန်တော့်နာမည်က
ဘာလဲဟင်..!ပြီးတော့ မင်းက..."လက်ညိုးတစ်ထိုးထိုးနဲ့သူ့စကားအဆုံး
အခန်းထဲမှအော်ဟစ်ပြေးသွားသည့်
ကောင်လေး။ခဏကြာတော့ ဆေးပုံးလေးကိုင်ကာ
တုန်တုန်ရီရီနဲ့ အဖိုးကြီးတစ်ယောက်ပါ
ပါလာခဲ့သည်။ဘာမပြောညာမပြောနဲ့ ရှောင်ကျန့်တစ်ကိုယ်လုံးကို
ဟိုစမ်းဒီစမ်းလုပ်ပြီး"ခေါင်းထိသွားတယ်ထင်တယ်။အိမ်တော်ပေါ်က
ပြုတ်ကျတဲ့အရှိန်ကသေးမှမသေးတာ။
ဒီအခြေနေထိ တိုးတတ်လာတာကိုပဲ
ကျေးဇူးတင်ရမယ်..!"အဖိုးကြီးပြန်သွားသည့်တိုင်ရှောင်ကျန့်
ကြောင်နေမိတုန်း။*ဘာတဲ့ ။အိမ်တော်ပေါ်က ပြုတ်ကျတာ။
ငါအခုဝင်နေတဲ့ခန္ဓာကိုယ်က
ကလေးတစ်ယောက်များလား။*တွေးတွေးဆဆနဲ့ မှန်ရှိရာကိုအပြေးသွားပြီး
ကြည့်မိလိုက်တော့ ကိုယ့်ပါးစပ်ကို
လက်နဲ့အုပ်မိသည်ထိ အံ့သြရသည်။ရှောင်ကျန့်မှ ရှောင်ကျန့်အစစ်ပါ။
ဆံပင်လေးရှည်နေပြီး ရှေးရိုးရာ
ဝတ်စုံတွေဝတ်ထားတာကလွဲလို့။"ကိုယ်လုပ်တော်။အဆင်ပြေရဲ့လား..!"
သူ့အနား မရဲတရဲကပ်လာတဲ့ကောင်လေးကို
သေချာပြန်ကြည့်ရင်း"မင်းက ဘယ်သူလဲ..!"
"ကျွန်တော်က ကိုယ်လုပ်တော်ဝေ့ရဲ့
အစေပါးလေ။!""အော်...အဲ့ကိုယ်လုပ်တော်ဝေ့က
ဘယ်သွားလို့လဲ..!""ကိုယ်လုပ်တော်..ဝေ့က
ကိုယ်လုပ်တော်လေ...!"ရှောင်ကျန့်ဘက်ကိုလက်ညိုးလေးထိုးကာ ပြောလိုက်သည့်ကောင်လေးကြောင့်ပြောစရာရာစကားတို့
လည်ချောင်းထဲမှာနစ်မြုပ်လျက်။
ESTÁS LEYENDO
ချစ်သောအရှင်(ချစ်သောအရှင်){Completed}
Fanficအချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း အချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း