Part-1(Z and U)

6.5K 646 25
                                        

(Zawgyi)

ပန်းပွင့်ဖတ်တွေဟာ တဖွဲဖွဲ ကြွေကျကာနေပြီး လေပြေလည်း နူးညံ့နွေးထွေးစွာ တိုက်ခတ်လို့နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးဟာ တိတ်ဆိတ်နေပြီး ငှက်အော်သံ
ကျလိကျလိကိုပင် ရှင်းလင်းစွာကြားနေရသည်။
အပင်တွေယိမ်းနွဲ့တာကြောင့် သစ်ကိုင်းချင်းထိခတ်သွားတဲ့
တကျစ်ကျစ် တဖြောက်ဖြောက် အသံဟာလည်း ပျံ့ လွင့်လို့။

အဖြူရောင် ပုဝါငယ်လေးသည် သူ့ရှေ့သို့ ပြန့်ကာကျလာသည်။ မြေပြင်ပေါ် မရောက်ခင်ပဲ သူလက်နဲ့ဆွဲဖမ်းလိုက်တော့
ခန္ဓာကိုယ် ယိမ်းလိုက်ရသည်မို့ သူဟန်ချက်ပြန်မလိုဖြစ်သွားရသည်။
နူးညံ့ပြီး အိစက်နေတဲ့ ပုဝါလေးရဲ့ အထိအတွေ့။
ပန်းနုရောင် သန်းနေတဲ့ ပုဝါလေးရဲ့ အစွန်မှာ လေးမြှားပုံစံ
ပန်းထိုးထားပုံက ထူးထူးခြားခြား။

"ကျွန်တော့ ပုဝါလေး ပြန်ပေးနိုင်မလား"

ဟင်....အသံ။ ဒီလောက်ချိုသာနေတဲ့အသံ။
ဘယ်လို သူမျိုးမို့ ဒီလောက်ထိ ထူးခြားတဲ့အသံမျိုးရှိနေရတာလဲ။
သူဘေးဘီကို ကြည့်လိုက်တော့ မတွေ့ရသေး။
ခံစားချက်တစ်ခု ခံစားလိုက်ရသည်။ လေညှင်းငယ်ဟာ သူ့မျက်နှာနားမှာ နူးညံ့စွာတိုက်ခတ်သွားတဲ့အခါ စီးနှောင်ထားတဲ့ ဆံပင်တွေဟာ မျက်နှာဘက်စီအစုလိုက် တိုက်ခတ်လာတာမို့
လက်နဲ့အသာ ဖယ်လိုက်သည်။

"ဟား....ဟား" ရယ်သံချိုချိုလေး ပျံလွင့်လာသည်။
သူပြုံးရင်း  ဘေးနားက အပင်ထက်ဆီကြည့်လိုက်မိသည်။
ပန်းနုရောင် အရိပ်ကလေး။

အဲ့ဒီ တဒင်္ဂလေးပါပဲ အပြုံးတစ်ခုကို လက်ဆောင်ရရှိပါတယ်။
အနူး ညံ့ဆုံး၊ ပြီးတော့ အလှဆုံးနဲ့...............................။

ပန်းနုရောင်ဟာ ထူးထူးခြားခြား နူးညံ့တာထက်
အင်အားရှိတဲ့ အသွင်ပုံစံအနေနဲ့ ပေါ့။

........................................................................

"ဒီမှာ ကျွန်တော်မေးတာကိုဖြေအုန်းလေ။
စောစောကတည်းက ဝေ့လည်ကြောင်ပတ်နဲ့"

"....."

"ဟေး...ခင်ဗျားတို့"

"လမ်းကို ကြည့်လျှောက်ပါ။ ပြည်မကြီးရောက်ပြီမို့ ခုကစပြီး
ပြောချင်တာတွေကို အိမ်ကြီးရှင်နဲ့ တိုက်ရိုက်ပြောလို့်ရပါပြီ။"

Astilbe(COMPLETED) Donde viven las historias. Descúbrelo ahora