(Zawgyi)
ဂျွန်မြောင် သည် အပြာနုရောင် ရှပ်အင်္ကျီကို
အပေါ်ကြယ်သီးနှစ်လုံးဖြုတ်ကာ ဝတ်ထားလိုက်သည်။
ရှပ်အင်္ကျီဆိုပေမဲ့ ခပ်တွဲတွဲ ဖြစ်နေတဲ့အသားကြောင့် ဝတ်ရတာ နေရထိုင်ရခက်မနေ။ အင်္ကျီလက်ကြယ်သီးကိုတပ်ရင်း
မှန်ဆီကြည့်တော့ နည်းနည်းပင်ပန်းနေတဲ့ပုံပေါက်နေတာ ကိုယ့်ကိုယ်ကို သထိထားမိလိုက်သည်။နေ့လည်က ပြတိုက်ခန်းမထဲက ပြန်လာကတည်းက မူးနောက်နောက်မို့ အိပ်ပစ်မယ်လုပ်ပေမဲ့ အိပ်မပျော်ခဲ့ပါ။
အသာငြိမ်ထိုင်နေရင်း အတွေးတောင်စဉ်ရေမရောက်ဖြစ်နေခဲ့တာ အတော်ကြာသည်။ ညနေစာလာပို့ချိန်ထိ စိတ်နဲ့ကိုယ်မကပ်သေး။အခုလည်းစောသေးပေမဲ့ နေ့လည်ကတည်းက နှုတ်မဆက်ပဲ ပြန်လာမိတာကြောင့် အိမ်ကြီးရှင်ဆီ စောစောသွားဖို့ စဉ်းစားမိသည်။ ဘာရယ်မဟုတ် နေ့ခင်းဘက်က မှိုင်းညို့နေတဲ့ မျက်ဝန်းညိုကြီးတွေအကြောင်းတွေးမိနဲ့အခါ ဂျွန်မြောင်က စိတ်မကောင်းဖြစ်ရပြန်သည်။
"ရုတ်တရက်ကြီး နေရတာ အဆင်မပြေတော့သလိုပဲ"
ကိုယ့်လည်ပင်းကို ကုတ်ရင်း ဂျွန်မြောင် ရေရွတ်မိသည်။အိမ်ကြီးရှင်ပုံစံကြည့်ရတာ အဆွေးဓာတ်ခံအရမ်းများနေတဲ့လူလိုပဲ။ နားလည်ရခက်ပေမဲ့ စာနာပေးလို့ရနေတာမျိုး။
အရှိန်အဝါကြီးပေမဲ့ အားအင်နည်းနေတဲ့ မျက်ဝန်းညိုတွေက
ဂျွန်မြောင်ကို သနားစိတ်ပိုစေသည်။"ဟူး......ဘယ်လို သက်သာရာ ရအောင်လုပ်ပေးရမယ်မသိဘူး"
သက်ပြင်းတိုးတိုး ချလိုက်မိသည်။နာရီကြီးမှ ရှစ်ချက်တီးသံမြည်တော့ ဂျွန်မြောင် အိမ်ကြီးရှင်ရဲ့
အခန်းဆီသို့ ဦးတည်ရန်ပြင်လိုက်သည်။
စကားစမြည်ပြောလိုက်ရင်လည်း သူရော အိမ်ကြီးရှင်ပါ အဆင်ပြေနိုင်ကောင်းပါရဲ့။...........
ဂျွန်မြောင်သည် ကျွန်းတံခါးရှည်ကြီးရဲ့ရှေ့မှာ ခြေစုံရပ်ထားပြီး
တံခါးခေါက်လိုက်သည်။ ခဏစောင့်ပြီးတဲ့နောက် အသာယာပွင့်လာတဲ့တံခါး။
ဒုတိယနေ့မှာ ဒုတိယအကြိမ်မြောက် ဝင်ရမှာပေမဲ့ ဂျွန်မြောင်ရင်ခုန်နှုန်းမြန်လာသည်။
YOU ARE READING
Astilbe(COMPLETED)
Romanceမေတ္တာတရားကို ဖုံးကွယ်ထားတာက ကိုယ့်ကိုယ်ကို ရက်စက်တာနဲ့ ဘာများကွာလို့လဲ~~ Cover By @XiaoHua_13 ❣