(Zawgyi)
စိတ်ကူးနဲ့ လက်တွေ့တို့မည်သည် အကြောင်းအရာတော်တော်
များများ၌ မတိုက်ဆိုင်တတ်သည်သာများတတ်သည်။
သို့သော် ယခုတစ်ခေါက်တွင်မူ
ဂျွန်မြောင်ထင်ထားသည်နှင့်တက်တက်စင်အောင်
လွဲနေတာကို ကြုံလိုက်ရသောအခါအံ့အောလွန်းလို့
အချိန်တစ်ခုစာလောက် တိတ်ဆိတ်နေမိပါသည်။ဂျွန်မြောင်ထင်ထားတဲ့ အိမ်ကြီးရှင်ဆိုတာ အသက်အရွယ်
တော်တော်ကြီးကြီး သိပ်နာမကျန်းတဲ့ ပုဂ္ဂိုလ်၊
ဒါမှ မဟုတ်ရင်လဲ သက်လတ်ပိုင်းအရွယ် ဟိတ်ဟန်ကြီးကာ
နေမည့် သူတစ်ယောက်ဟုထင်မှတ်ထားခဲ့တာပင်။သို့သော် ယခုလက်ရှိတွင်မူ မျက်စိရှေ့၌ ချောမောပြီး
ကျန်းမာငယ်ရွယ်တဲ့ လူငယ်တစ်ယောက်သာ ဖြစ်နေသည်။
နက်မှောင်နေတဲ့ ဆံပင်တွေကို လှန်သပ်တင်ထားတာကြောင့်
ချောမောတဲ့အပြင် အလွန်ခမ်းနားတဲ့ ပုံစံရှိနေပေမဲ့
အရမ်းအသက်ကြီးနေတဲ့ ပုံစံမျိုးမဟုတ်ပါ။နားရွက်မရဲတရဲလေးမှာ တွယ်ဖောက်ထားသော နားကွင်းနှင့်
ထိုလူသည် အတော်လေး ကြည့်ကောင်းတာတော့
အမျိုးသားချင်းပဲ ဂျွန်မြောင်ဝန်ခံရပါမည်။ဒူးလောက်ထိရှည်လျားတဲ့ နက်ပြာရောင်လဲ့နေသော ကတ္တီပါ.
ကုတ်အင်္ကျီကိုဝတ်ဆင်ထားတာကြောင့် ဥစ္စာချမ်းသာသူတို့ရဲ့
အဆောင်အယောင်တွေမှန်းသိသာလှပါသည်။
ဝတ်ရုံအောက်မှာတော့ အညိုရောင် ရှပ်အင်္ကျီကို၊ စတိုင်ဘောင်းဘီ အနက်နှင့်တွဲဝတ်ထားသည်။အိမ်နေရင်း ဂွမ်းဖိနပ်ကို စီးထားတာဖြစ်သည့်တိုင်
ညစာစားပွဲတက်တော့မည့် အသွင် ဖြစ်သည်။
ကျယ်ပြန့်လှသော ပုခုံးပြင်ကြီးနှင့် ထည်ဝါလှတဲ့ ကိုယ်ဟန်။
စင်စစ် ရုပ်ရှင်မင်းသားသာလုပ်ပါက အမျိုးသမီးထုတစ်ခုလုံး
ရူးခါနေအောင် အားပေးတာ ခံရမည့်ပုံစံမျိုးနဲ့ပင်။"ကော်ဖီ သဘောမကျဘူးလား"
ခပ်ချိုချိုပေါ်ပေါက်လာတဲ့အသံကြောင့် ဂျွန်မြောင် သတိကပ်လိုက်ရသည်။ သူစိမ်းလူတစ်ယောက်အပေါ် အများကြီး
အာရုံစိုက်ကာ ဝေဖန်နေမိပြီပဲ။"ကျွန်တော် သဘောကျပါတယ်" ဂျွန်မြောင်က ပုံမှန်အတိုင်းပြန်ပြောလိုက်ပြီး ကိုင်ထားတဲ့ ကော်ဖီခွက်ကိုမြှောက်လိုက်ရင်း
အသာယာသောက်လိုက်သည်။
ရွှေရောင်ကနုတ်ပန်းတွေနှင့် အဖြူရောင်ကြွေထည်ဖြစ်သော
ဒီခွက်ပင်လျှင် အနုပညာသိပ်မြောက်နေပြီဖြစ်သည်။
KAMU SEDANG MEMBACA
Astilbe(COMPLETED)
Romansaမေတ္တာတရားကို ဖုံးကွယ်ထားတာက ကိုယ့်ကိုယ်ကို ရက်စက်တာနဲ့ ဘာများကွာလို့လဲ~~ Cover By @XiaoHua_13 ❣