(Zawgyi)
အချိန်ကာလသည် ကုန်ပြီးရင်း ကုန်ဆုံးနေပြီး ရာသီတစ်ခုပင်ကုန်လုပြီဖြစ်သည်။ အိမ်တော်ကြီးကို ဂျွန်မြောင် ရောက်လာတာ လအတော်ကြာပြီ ဖြစ်သလို ဆန်းပြားတဲ့ အတွေ့အကြုံတွေကလဲ အများအပြားအပင်။
ခဏခဏမက်နေတတ်တဲ့ အိပ်မက်နဲ့အတူ အိမ်ကြီးရှင်ရဲ့ ဝန်ခံစကားတွေကို မသိချင်ယောင်ဆောင်ရလို့ ပင်ပန်းတာကလွဲရင် အရာရာက ဂျွန်မြောင်အတွက် အေးဆေးလွန်းလှသည်။
ရွှေမင်းသားတစ်ယောက်လိုနေရတဲ့ ဂျွန်မြောင်အနားမှာ အခြွေအရံတော့မရှိ။ အဲ့ဒီအစား အိမ်ကြီးရှင်က အချိန်ပြည့်နီးပါးလောက်ကို အနားမှာနေနေတတ်သည်။
အရင်တစ်ခေါက် ခရီးထွက်သွားပြီးနောက်ကတည်းက အိမ်ကြီးရှင်က ဂျွန်မြောင်နဲ့ ဝေးဝေးကို နောက်ထပ် ထပ်မသွားတော့ပါ။ ဒါကိုတော့ ဂျွန်မြောင်က တိတ်တိတ်ကလေးကျေနပ်နေရပါသည်။တစ်နေ့ထက် တစ်နေ့ ဂျွန်မြောင်ဆီကို ပိုတိုးလို့လာတဲ့ ရင်းနှီးမှုတွေနဲ့အတူ စိမ်းသက်မနေတော့တဲ့ အိမ်ကြီးရှင်ရဲ့ အပြုံးတွေ၊ နောက်ပြီး ခန့်မှန်းလို့ရနေတဲ့ ရင်ခုန်သံတွေ။ အကုန်လုံးက ဟန်ဆောင်နေတယ်ထင်စရာမလိုလောက်အောင် ပြည့်စုံနေပေမဲ့ ဂျွန်မြောင်က ခြေတစ်လှမ်းတိုးဖို့ကို အားအင်မရှိသေး။
အိမ်ကြီးရှင်ကလဲ ရိပ်မိသည်ကြောင့်လား၊ ဂျွန်မြောင်ကို နေရမခက်စေလိုတာကြောင့်လား... နှစ်ခုလုံးကြောင့်လားမသိ။
အဖြေတောင်းတာမျိုးမရှိပါ။ သူတတ်နိုင်တဲ့ ဂရုစိုက်မှုတွေ၊ အပြုံးချိုချိုတွေ၊ မျက်ဝန်းညိုတွေဆီက အကြင်နာတွေနဲ့ပဲ ဂျွန်မြောင် သူ့ဆီယိုင်လဲလာအောင် လုပ်ဖို့ရည်ရွယ်ထားပုံပေါ်သည်။နွေရာသီရဲ့နေ့ခင်းတွေမှာ ဂျွန်မြောင်က အိမ်ကြီးရှင်နဲ့အတူ အဆုံးသတ်မသိနိုင်တဲ့ အိမ်တော်ကြီးရဲ့ ခြံကျယ်ကြီးထဲက အပင်တွေအောက်မှာထိုင်ရင်း စကားပြောလေ့ရှိသည်။ ထွေထွေထူးထူးတော့မဟုတ်၊ အနုပညာလက်ရာတွေကိုစိတ်ဝင်စားတဲ့ ဂျွန်မြောင်နဲ့ အနုပညာလက်ရာတွေစုဆောင်းတတ်တဲ့ အိမ်ကြီးရှင်တို့ကြား ပြောစရာတွေ ရှားမနေတတ်ပါ။
YOU ARE READING
Astilbe(COMPLETED)
Romanceမေတ္တာတရားကို ဖုံးကွယ်ထားတာက ကိုယ့်ကိုယ်ကို ရက်စက်တာနဲ့ ဘာများကွာလို့လဲ~~ Cover By @XiaoHua_13 ❣