(Zawgyi)
ပြည်မကြီးရဲ့ ရာသီဥတုက ကိုရီးယားမှာလို အရမ်းအေးနေတာမျိုးမဟုတ်။ မိုးလင်းစ ကတည်းက လန်းလန်းဆန်းဆန်း နိုးထလာတဲ့ ဂျွန်မြောင်က ဂျွန်မြောင်အခန်းရဲ့ ပြတင်းပေါက်မှာကာထားတဲ့ လိုက်ကာစကိုဖယ်ရင်း အိမ်တော်ကြီးရဲ့
ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်နေမိသည်။အပြင်ကလေညင်းနုနုလေးတွေကို ထိတွေ့ချင်ပေမဲ့
မြင့်မားတဲ့ ပြတင်းပေါက်ကြောင့် ခုန်ခုဖွင့်ဖို့ကို စိတ်မရှည်တာကများတာမို့ ဒီတိုင်းသာသေးနေမိသည်။မနေ့က သူဖြတ်သန်းလာတဲ့ ချယ်ရီတောအုပ်ကိုလှမ်းမြင်နေရသည်။ အိမ်တော်ပတ်လည်မှာတော့ ခပ်ရိပ်ရိပ်ဖြစ်နေသော တောရိပ်တောင်ရိပ်တွေ။ ဘယ်လို စိတ်ကူးနဲ့ ဒီလိုနေရာမှာ
ဒီလောက်ခမ်းနားတဲ့အိမ်တော်ကြီးလာဆောက်လဲမသိပေမဲ့
အိမ်ကြီးရှင်ဆိုသော လူရဲ့ ပဟေဋ္ဌိ ဆန်တဲ့ အတွေးအခေါ်တွေကို သူနားမလည်နိုင်တာမို့ ရှည်ရှည်ဝေးဝေးမတွေးတော့။မျက်တောင်စိတ်စိတ်လေးတွေနဲ့ မျက်ခုံးတန်းလေးပြေလျော့ကာ အိပ်မောကျနေတဲ့ အိမ်ကြီးရှင်ရဲ့ ယောက်ျားဆန်ပြီး
ချောမောမှုကိုတော့ ဂျွန်မြောင်အတော်အားကျနေမိတာအမှန်။ချောမွေ့နေတဲ့အသားအရည်နဲ့ ပိရိနေတဲ့နှုတ်ခမ်းပါးရဲရဲ။
ဂျွန်မြောင် ကိုယ့်လည်ပင်းကို ပွတ်လိုက်မိသည်။"ဘာတွေလျှောက်တွေးနေတာလဲမသိဘူး"
သတိပေးတဲ့အနေနဲ့ပြောရင်း အိမ်တော်ကြီးရဲ့အောက်ဖက်ကိုသာ ဆက်ကြည့်နေလိုက်သည်။
သူကတော့ အိမ်ကြီးရှင်ကို ဝေဖန်နေလိုက်တာ။ တကယ်တမ်း မျက်လုံးချင်းဆုံကြရင်ကျ မနေတတ်မထိုင်တတ်တာလည်း
ဂျွန်မြောင်ပဲ ဖြစ်ရသည်မလား။ဒေါက်....ဒေါက်*
တံခါးခေါက်သံကြောင့် လိုက်ကာစကို ပြန်စိရင်း တံခါးဆီသို့
ဂျွန်မြောင်လျှောက်လာလိုက်သည်။
မြင့်မားလှတဲ့ လက်ရာမြောက်ကျွန်းတံခါးကြီးရဲ့လက်ကိုင်ကိုအသာလှည့်ရင်း ဖွင့်တဲ့အခါ ထွက်ပေါ်လာတဲ့ ကျွီ*ဆိုတဲ့အသံကအစ နူးနူး ညံ့ညံ့။ဂျွန်မြောင်က တံခါးဖွင့်ပြီးပြီးချင်း တံခါးဝမှာရပ်လိုက်တော့
နီညိုရောင် သားမွေးအင်္ကျီဝတ်ထားတဲ့ ရင်ခွင်တစ်ခုထဲ
မျက်နှာအပ်မတတ်ဖြစ်သွားရတာမို့ ကိုယ်ကိုရို့ကာ နောက်သို့
ခြေတစ်လှမ်းစာလောက်ဆုတ်လိုက်ရသည်။
YOU ARE READING
Astilbe(COMPLETED)
Romanceမေတ္တာတရားကို ဖုံးကွယ်ထားတာက ကိုယ့်ကိုယ်ကို ရက်စက်တာနဲ့ ဘာများကွာလို့လဲ~~ Cover By @XiaoHua_13 ❣