(Zawgyi)
မနက်ခင်းရဲ့ မပွင့်တပွင့်နေရောင်ကြောင့် အိမ်တော်ကြီးရဲ့ ပတ်ပတ်လည်ဟာ မြူခိုးမြူရိပ်တို့ဖြင့် အုံ့ဆိုင်းကာနေသည်။
တိတ်ဆိတ်နေတဲ့ အိမ်တော်ကြီးက မြူတွေကြားမှာ တင့်တယ်ကာနေ၏။ရွှေဝါရောင်သန်းနေတဲ့ မီးအိမ်တွေပင် ထွန်းလင်နေဆဲရှိတာကြောင့် နေ့လားညလားသိပ်မကွဲသေးဟုလည်း ဆိုနိုင်ပေသည်။
နှင်းရည်ဝနေတဲ့ မြက်ခင်းပြင်က စိမ်းဖန့်ဖန့်ထက် ငွေရောင်သန်းကာနေပြီး အိမ်တော်ကြီးရှေ့က လျှောက်လမ်းမကတော့ ခပ်ရှင်းရှင်းပင်။ကုတ်အင်္ကျီကြီး လွှမ်းခံထားရတဲ့ ဂျွန်မြောင်ကတော့ လမ်းမထက် လျှောက်ရင်း ဘေးနားကသူကိုလည်း စောင်းကာကြည့်ရသေးသည်။ ဘေးချင်းကပ်လျှောက်နေပေမဲ့ ကပ်နေကြတာတော့ မဟုတ်။ ကုတ်အထူကြီးတွေရဲ့ ပုခုံးစွန်းတွေ ရံဖန်ရံခါ ထိသွားတတ်ကြပြီးတော့ ခပ်ခွာခွာဖြစ်သွားလိုက်၊ ပြန်ကပ်လိုက်ကြနဲ့ပင်။
စမ်းချောင်းငယ်ကို ဖြတ်ကူးထားတဲ့ တံတားပေါ်ရောက်တော့
အိမ်ကြီးရှင်ခြေလှမ်းတွေက ရပ်တန့်တာမို့ ဂျွန်မြောင်ကပါ အလိုလိုရပ်တန့်ပြီးသား။
အသာမော့ကြည့်မိတဲ့ မျက်နှာထက် ရှင်းလင်းနေတဲ့ မျက်နှာအချိုးအစားနဲ့အတူ ကြည်လင်မှုကပါ နေရာယူထားသည်။ဂျွန်မြောင် ကို ငြင်ငြင်သာသာ ကြည့်နေပုံက နည်းနည်း ကသိကအောက်ဖြစ်ချင်စရာပေမဲ့ ၊တစ်ဖက်ကလည်း ရင်ခုန်ချင်စရာရင်။
"အရမ်းအေးနေ သလားဟင်"
နူးနူးညံ့ညံ့အမေးကို ဂျွန်မြောင်က အသာခေါင်းခါပြလိုက်ရ၏။"ဟင့်အင်း ကျွန်တော်အဆင်ပြေတယ်"
ဂျွန်မြောင်အပြောကြောင့် သူကသူ့ပါးထက်က ပါးချိုင့်လေးနစ်ဝင်သည်အထိ ပြုံးလိုက်ရင်း ဂျွန်မြောင်ကိုယ်ပေါ်က ကုတ်ကို ရင်ဘတ်ကနေစုကာ နေရာချပေးနေပြန်သည်။
ဘယ်အကြားအလပ်ကနေမှ လေမဝင်စေချင်သည့်သဘော။"ကိုယ်သတိလက်လွတ်နဲ့ ခေါ်လာမိတာ နည်းနည်းဝေးတော့ အဆင်မပြေမှာစိုးရိမ်တယ်"
စိုးရိပ်တွေပါနေတဲ့အပြောကြောင့် ပိုလှရန်ကောဆိုတဲ့အထိတွေးမိသွားတဲ့ ဂျွန်မြောင်က နှုတ်ခမ်းကိုပါ ခပ်မဲ့မဲ့လုပ်လိုက်မိသေးသည်။

ВЫ ЧИТАЕТЕ
Astilbe(COMPLETED)
Любовные романыမေတ္တာတရားကို ဖုံးကွယ်ထားတာက ကိုယ့်ကိုယ်ကို ရက်စက်တာနဲ့ ဘာများကွာလို့လဲ~~ Cover By @XiaoHua_13 ❣