Part-6(Z and U)

2.4K 438 37
                                    

(Zawgyi)

ဂီတသံစဉ်သည် အနိမ့်အမြင့် ၊ အတက်အကျ ညီညီညွတ်ညွတ်နဲ့ ပျံ့ လွင့်လို့နေသည်။ သို့သော် ယခင်နေ့တွေကလို နူးညံ့ခြင်းတွေချည်းရှိမနေ။ ခပ်ပြင်းပြင်း လက်ဆကြောင့် ပိုမိုကျယ်လောင်နေပေမဲ့ မှားယွင်းနေတာမျိုးတော့မရှိ။

ထူးထူးဆန်းဆန်း အဆိုမပါတဲ့ ဂီတသံချည်း သပ်သပ်ဖုံးလွှမ်းထားတဲ့ အိမ်တော်ကြီး အနီးတဝိုက်မှာ ဒီညတော့ အပြာရောင်ပိုးစုန်းကြူးတွေ မြူးနေတာမျိုးရှိမနေ။
ဒါတင်မကသေး အိမ်တော်ကြီး အနီးတဝိုက်ဟာလဲ မှိုင်းညို့ပြီး ဝမ်းနည်းချင်စရာအခြေအနေ။

ဥယျာဉ်ငယ်ထဲ က ပန်းပင်တချို့ဟာ ညှိုးနွမ်းနေကြပြီး အငွေ့အသက်ဟာ လွမ်းဆွတ်ဖွယ်အတိ။
အိမ်တော်ကြီး ရဲ့ တာဝန်ကျ ပုဂ္ဂိုလ်တစ်ချို့က ခပ်လှမ်းလှမ်းနေရာကနေ အိမ်တော်ကြီးဆီ ကြည့်ရှုရင်း မျက်နှာမကောင်းကြ။
ဒီအငွေ့အသက်ကို သူတို့ရင်းနှီးဖူးတာ အကြာကြီး။

အိမ်ကြီးရှင်ရဲ့ စိတ်အခြေအနေ မကောင်းဖူးဆိုတာ ခန့်မှန်းလို့ရနေပြီ။
အိမ်ကြီးရှင်ရဲ့ နှလုံးသား ထိခိုက်သွားတိုင်း ဒီအိမ်တော်ကြီးကလည်း ခြောက်သွေ့သွားတတ်တာ အသိအသာ။

စိုပြေရတာမကြာသေးတဲ့ ပန်းနွယ်တို့ဟာ အိမ်ကြီးရှင်ရဲ့ နှလုံးသားအတွက် ထပ်တူဆုတောင်းနေကြမည်ထင်ပါသည်။

...........................................................

ရပ်တန့်သွားသော ဂီတသံနဲ့အတူ ဂျွန်မြောင်ရဲ့လက်ချောင်းတွေကို စန္ဒယားကနေ ဖယ်ခွာလိုက်သော်လည်း မျက်လုံးတွေကို တော့ ဘယ်ကိုမှ မရွေ့ချင်။
ကြည့်နေမည်ဆိုတာ ခံစားမိတဲ့ တစ်စုံတစ်ယောက်ရဲ့ မျက်ဝန်း​တွေနဲ့ ရင်မဆိုင်ချင်တာလဲပါမည်။

ဂျွန်မြောင် ဘဝမှာ စိတ်အညစ်ဆုံးက လုပ်ချင်တာလုပ်ပြီးရင်
မျက်နှာထားသေးငယ်ပစ်တဲ့ သူတွေနဲ့ရင်ဆိုင်ရမှာဖြစ်သည်။
နေ့ခင်းက ရေကန်ဘက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ဂျွန်မြောင်မှာ နေရခက်တာတော့အမှန်ပင်။
စိတ်လည်းဆိုးသည်။ ရုတ်တရက်ဆန်တဲ့အပြင် သဘောထားကို နည်းနည်းလေးတောင်မပေးပါပဲနဲ့ ဒီလိုပြုမူတာက
ဂျွန်မြောင်ကို သူ့လက်ထဲက ငါးကလေးတစ်ကောင်လို ထင်ရာစိုင်းနိုင်တယ်ရယ်လို့ သဘောထားလေ လို့လားကတော့
ကာယကံရှင်က အသိဆုံးဖြစ်ပါမည်။

Astilbe(COMPLETED) Where stories live. Discover now