Final (Z and U)

4.2K 390 9
                                        

(Zawgyi)

ရက်ပေါင်းတစ်ရာ့တစ်ရက်........။

ပြန်လာမယ် တစ်ခွန်းတောင်မပြောနိုင်ပဲ ၊ ဆင်ခြေတစ်ခုတောင်မပေးပဲ "ကိုယ်ခဏသွားရမယ် ဂျွန်မြောင်"ဆိုတဲ့စကားတစ်ခုနဲ့ တစ်ယောက်ထဲချန်ခဲ့တဲ့ ချစ်ရတဲ့ လူထူးဆန်းဟာ
ဂျွန်မြောင် ကိုစောင့်နေစေသည်။

ရာသီတစ်ခုကုန်ဆုံးခါနီးပြီး ဂျွန်မြောင်ကျန်နေခဲ့တဲ့ နွေကာလတစ်လျှောက် လုံးဟာ ကြုံဖူးသမျှနွေတွေထဲမှာအပူဆုံးဖြစ်သည်။ လူဆိုးဟာ ဂျွန်မြောင်ကို အလွမ်းပိုအောင် နွေကာလတစ်ခုလုံးပျောက်လျက်သား။

ဘယ်ကိုရောက်နေမှန်းတောင်မသိတဲ့ အဲ့ဒီလူကို စောင့်နေမိတဲ့ ဂျွန်မြောင်က စိတ်မှန်သေးရဲ့လားမသိပေမဲ့ မနက်တိုင်းမှာ အဲ့ဒီလူရဲ့အငွေ့အသက်တွေရှိနေတဲ့အခန်းမှာနိုးထပြီး ညတိုင်းမှာလဲ အဲ့ဒီလူရဲ့အငွေ့အသက်တွေနဲ့အတူ အိပ်စက်ဖို့ကြိုးစားသည်။ သို့်သော် လွမ်းလို့ အိပ်မပျော်နိုင်ပါ။

ဂျွန်မြောင် ကို အပျော်ကြံသွားလေသလား တွေးရအောင်ကလဲ
အလုံးစုံသော သူ့ရဲ့စည်းစိမ်တွေအားလုံးကို ထားခဲ့ပြီး သူတစ်ယောက်ထဲထွက်သွားလေတာမို့ မတွေးသာနိုင်ပါ။

ချစ်လာပြီဆိုကာမှ အပြုံးတစ်ခုနဲ့ထားခဲ့ရက်သူက စောင့်နေပါလည်းမပြော။ ဂျွန်မြောင်ကသာ....ဂျွန်မြောင် ကသာ စောင့်နေချင်ခဲ့တာပါ။

အထီးကျန်စရာကောင်းလှတဲ့ ဒီပတ်ဝန်းကျင်မှာ ဂျွန်မြောင်လိုချင်နေတာ အဲ့ဒီလူပဲရှိသည်။ အကြာကြီးပွေ့ဖက်ထားချင်ပြီး
ရင်ခွင်ထဲ တိုးဝင်နေချင်သည်။ အနမ်းတွေ တမေ့တမောပေးချင်ပြီး အကြင်နာတွေအများကြီးနဲ့အတူ နွေးထွေးချင်သည်။

နွေဦးကတည်းက ကြွေ လိုက်တဲ့အရွက်တွေဆိုတာလည်း ဂျွန်မြောင်ကို ပိုပြီးငိုချင်ရက်လက်တို့ဖြစ်စေတာမို့ ၊ လွမ်းတိုင်း ကဗျာတွေချရေးနေတတ်တဲ့ ဂျွန်မြောင်တစ်ယောက် အခုဆို ရေးလက်စ စာအုပ်ပင် ထူလှပြီဖြစ်သည်။

အပြုံးတွေအများကြီးကို လွမ်းတိုင်း ဝမ်းနည်းရသလို ဒေါသလဲထွက်ရသည်။ တဖြည်းဖြည်းသိလာတဲ့ အကြောင်းတွေနဲ့အတူ သူက ဂျွန်မြောင်နဲ့အတူ ရှိနိုင်ဖို့အတွက် တချို့သောစည်းမျဉ်းတွေကို တောင်းဆိုရမည့်အကြောင်းကို သူ့ရဲ့ လူယုံတော်လို့ဆိုရမည့် ဂျွန်မြောင်ကိုခေါ်လာသူနှစ်ဦးဆီက အရိပ်အမြွက်ကြားထားပြီးပြီဖြစ်သည်။

Astilbe(COMPLETED) Where stories live. Discover now