(Zawgyi)
ပြန်လည်တည်ဆောက်ခြင်းအဆောင်တော်~
ရှေးခေတ်တရုတ်စကားလုံးကြီးများအား ရွှေသားအတိဖြင့် ဖောင်းကြွစွာပုံဖော်ထားပြီး လဲ့စိုနေသောကျောက်စိမ်းပြားထက်တွင် နေရာချထားကာ တင့်တယ်စွာချိတ်ဆွဲထားသောအဆောင်တော်။
ကျောက်စိမ်းတို့ဖြင့် တည်ဆောက်ထားသော အဆောင်တော်ဆီက အေးစိမ့်သောအငွေ့အသက်တို့ဟာ ပျံ့ လွင့်လျက်ရှိကြသည်။ မက်မွန်ပန်းတို့ဟာအဆောင်ရဲ့ပတ်ပတ်လည်မှာ အစုလိုက်အပင်တွေထက်နေရာယူထားကြပြီးတော့ လေညှင်းကြားထဲရနံ့ချိုတို့ကိုနေရာယူစေသည်။
အကန့်အသတ်စက်ဝန်းကိုသူကျော်ဖြတ်လိုက်ပြီးကတည်းက
ပြောင်းလဲသွားတဲ့ သူ့အဝတ်အစားတွေကို အသာခါလိုက်ရင်း လက်ထဲက ကြိမ်တံသေးသေးလေးကိုလေထဲမှာအသာယမ်းချလိုက်သည်။မက်မွန်ပန်းပွင့်ဖတ်တွေဟာ ရုပ်ချည်းအစုလိုက်ကြွေဆင်းဝေ့ဝဲကုန်ကာ သူ၏ဘေးပတ်လည်တွင် နေရာယူလိုက်ကြတော့သည်။ မျက်ဝန်းတွေကိုမှိတ်ထားလိုက်ရင်း သူခပ်ပြုံးပြုံးဖြစ်လိုက်မိသွားသည်။
"ကျင်းအာ....မင်းနောက်နေတာကို ရပ်လိုက်တော့"
သူ့အသံဆုံးတဲ့နောက် အသက်ရှူသံသဲ့သဲ့ဟာ အနားမှာဖြစ်တည်လာသည်။"ဘာလဲ ဗိမ္မာန်စောင့် ကို အသက်မှရှိသေးရဲ့လား လာကြည့်တာလား" ကျင်းအာရဲ့အပြောကြောင့် သူရယ်လိုက်မိရင်း
ကျင်းအာအတွက်ယူလာတဲ့အရာလေးကိုလှမ်းပေးလိုက်သည်။မက်မွန်ပင်မှမွေးဖွားသော ကျင်းအာက ၂၁ဆက်မြောက် နတ်သူငယ်မျိုးဆက်ဖြစ်ပြီး၊ အလုံးစုံ စင်ကြယ်ခြင်းသဘောတရားကိုဆောင်သော ပြယုဂ်လည်းဖြစ်သည်။
"ဒါက ထပ်ပြီးဘာပစ္စည်းလဲ၊ ဆရာအပေါ်တစ်ခါတက်လာတိုင်း ဘာတွေလာပေးမှန်းမသိဘူး"
"Airpods လို့ခေါ်တယ်လေ မင်းမကြိုက်ဖူးလား"
"ထပ်ပြီး ဘာသာစကားအသစ်လား"
"အဲ့ဒါသီချင်းနားထောင်ဖို့လေ လူ့ပြည်မှာအရမ်းနာမည်ကြီးတာ"
ကျင်းအာက တခစ်ခစ်ရယ်သည်။
"ရွဲ့ အော်တီးတဲ့စောင်းသံလောက် ဘာကကောင်းအုန်းမှာလဲ"
YOU ARE READING
Astilbe(COMPLETED)
Romanceမေတ္တာတရားကို ဖုံးကွယ်ထားတာက ကိုယ့်ကိုယ်ကို ရက်စက်တာနဲ့ ဘာများကွာလို့လဲ~~ Cover By @XiaoHua_13 ❣