(Zawgyi)
နွေးထွေးစွာ ပွေ့ဖက်ထားတဲ့ လက်တွေဆီက ကြည်နူးရခြင်းတွေ။ဝင်သက်ထွက်သက်ဟာ ဂီတသံထက်ပို နူးညံ့ငြိမ့်ညောင်းစွာ ၊တီးတိုးရှူရှိုက်သံလေးကလဲ တေးသွားလေးတစ်ခုလို။
ရှင်းလင်းတဲ့ မျက်နှာပြင်ထက် မျက်လုံး၊နှာခေါင်း၊နှုတ်ခမ်း အားလုံးက အချိုးအစားပြေပြစ်စွာနေရာယူလို့ထားသည်။
ပြောင်သိမ်းကာထားတတ်သော ဆံပင်တွေက ခုတော့နှဖူးပြင်ထက် ဝေ့ကာကျနေပြီး မျက်ခုံးတန်းကလေးပေါ်မှာလဲ တစ်စွန်းတစ်စရောက်လို့နေသည်။နှုတ်ခမ်းထူထူလေးကိုအသာထိတွေ့လိုက်ပြီးမှ နိုးသွားမလားစိုးတဲ့စိတ်နဲ့ လက်ကိုအသာသိမ်းရင်း ကြည့်လို့ကောင်းတဲ့ မနက်ခင်းရဲ့ မြင်ကွင်းကို ငြိမ်ငြိမ်လေးကြည့်နေဖို့ သာ ဆုံးဖြတ်လိုက်တော့၏။
ခါးကိုဖက်ထားတဲ့ လက်တွေဆီက လှုပ်ရှားသွားတာမို့ နိုးများသွားလေသလားတွေးမိတဲ့အခါ ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်ရင်း
အသက်ပင် အောင့်လိုက်မိသေးသည်။ သို့သော်လည်း အိပ်မောကျရတာ ပျော်နေပုံရတဲ့သူကတော့ ပွေ့ဖက်ထားတဲ့လက်တွေကိုပိုတင်းကျပ်စေပြီး ကိုယ့်ဆီပိုတိုးကပ်လာချေပြီ။
အင်းခနဲ ညည်းသဲတချက်နဲ့အတူ တိုးကပ်လာတဲ့မျက်နှာက ဒီကလူရဲ့ လည်ပင်းဆီတိုးဝှေ့  လာပြီးတော့ တင်းကြပ်တဲ့ပွေ့ဖက်မှုကလဲ ရုန်းမထွက်ချင်စရာ။လေပြေအေးအေးတိုက်ခတ်မှုကြောင့် နည်းနည်းလှုပ်ရှားသွားတဲ့ သူ့ဆံပင်တွေကို ကြည့်ရင်းပြုံးမိတော့ လွတ်နေတဲ့လက်တစ်ဖက်ကို သုံးလို့ ဆံပင်တွေကြားကို ခပ်ဖွဖွ ထိုးဖွပစ်လိုက်သည်။ လက်ချောင်းတွေမှာ ခိုကပ်လာတဲ့ ဆံပင်တွေကအစ ဒီလူ့တစ်ကိုယ်လုံး မနာလိုချင်စရာချည်းပဲ။
ခင်ဗျား ဘာလို့များ ဒီလောက်အထိ ပြည့်စုံရတာလဲ။
ဘာပက်သတ်မှုမှ မရှိတဲ့ ဒီယောက်ျားကို ရင်ခွင်ထဲမှာ တယုတယနဲ့ ထွေးပွေ့ထား ချင်မိတဲ့အထိ
ခင်ဗျားက ဘာတွေများ ကြင်နာချင်စရာကောင်းနေတာလဲ။
မျက်ရည်တွေနဲ့ ပျက်ယွင်းနေတဲ့ မျက်နှာအနေအထားကို
မြင်တာနဲ့ ခပ်တင်းတင်း ဖက်ထားပြီး နှစ်သိမ့်ပေးချင်တဲ့အထိ
ခင်ဗျားက ဘာတွေများ သနားစရာကောင်းနေတာလဲ။

YOU ARE READING
Astilbe(COMPLETED)
Romanceမေတ္တာတရားကို ဖုံးကွယ်ထားတာက ကိုယ့်ကိုယ်ကို ရက်စက်တာနဲ့ ဘာများကွာလို့လဲ~~ Cover By @XiaoHua_13 ❣