Part-8(Z and U)

2.3K 421 25
                                    

(Zawgyi)

ပြင်းထန်သော လေအဟုန်သည် စိမ်းညှို့နေသော
တောတောင်တစ်ဝိုက်မှာ အပြင်းအထန် တိုက်ခတ်နေသည်။
ရုတ်ခြည်းမည်းကာ မှောင်ကျသွားသော ကောင်းကင်ကြောင့်
နဂိုကတည်းက မှိုင်းညှို့နေတဲ့ တောကြီးဟာ ပိုပြီး အေးစိမ့်၊
မှောင်ရိပ်တွေကျလာသည်။

စူးစူးဝါးဝါး အော်ဟစ်နေကြသည် သတ္တဝါငယ်တို့ရဲ့
အသံတွေနှင့်အတူ ၊ ခပ်ကြမ်းကြမ်းရိုက်ခတ်နေကြတဲ့ သစ်ပင်
သစ်ကိုင်းတွေကြောင့် တစ်တောလုံး ဆူညံပွက်လောရိုက်
လျက် ရှိ၏။

ပန်းရောင်သန်းနေတဲ့ ပိုးဝတ်ရုံငယ်ဟာ ကြမ်းထလှတဲ့
အခြေအနေထဲမှာ တရွေ့ ရွေ့ ။ အကြောက်တရားကို သူ၏
အနီးတဝိုက်ကနေ ခံစားနေမိသည်။
သွေးစက်စက်ကျနေပေမဲ့ ပြေးနှင်နေတဲ့ သူ့ခြေလှမ်းငယ်တွေ
ဟာ လုံးဝရပ်တန့်မသွား။

လေပြင်းကို သတိမထားမိသလိုမျိုး ပြေးလွှားလျက်ရှိသည်။
ထိုသူရဲ့ က သူ့ရင်ခွင်ထဲမှာ ပန်းတပွင့်ကို ပွေ့ပိုက်ထားပြီး
ဘာကိုမှ ဂရုမစိုက်တော့သလို အပြေးနှင်နေ၏။ အပြေးနှင်
သည်ဆိုသော်ငြား သူ့ကြည့်ရတာ တဖြည်းဖြည်းချင်း
ခပ်လေးလေး ဖြစ်လာပုံပင်။

တစ်နေရာ အရောက် ခွေကျသွားတဲ့ သူ့ခြေလှမ်းတွေ။
ပန်းနုရောင်ဝတ်ရုံသည် မြေပြင်ထက် အိကာကျသွားသည်။
ဒဏ်ရာကြောင့် ထင်သည် သူ့ဆီက ခပ်တိုးတိုး ညည်းသံ။
အပြာရောင် အလင်းတန်းငယ်တွေဟာ သူ့ဘေးမှာရုတ်တရက်
ဝဲကာပြန်လာ၏။ ထိုသူက ချက်ချင်းပဲ အားပြန်ပြည့်သွားသလို
လဲကျနေရာကနေ ကုန်းရုန်းထလိုက်သည်။ သို့သော်
လက်ထောက်လို့ ထိုင်နိုင် ရုံလောက်သာ။

ပင်ပန်းနေဟန်ရှိတဲ့ သူက အပြုံးတွေကို ဖြစ်တည်စေလိုက်သည်။ နှုတ်ခမ်းပါး ငယ်ထက်က မှဲ့နက်ကလေး။
မျက်ဝန်းဝိုင်းဝိုင်းလေးတွေက ဖြူစင်ခြင်းတွေယှက်နွယ်လာသည်။

သူ့နားရွက်ရဲရဲလေးကနေ ဖွာထွက်လာတဲ့ အဖြူရောင်
အမွှေးနုနုကလေးတွေ။ သူ့နှဖူးထက်က တွဲလောင်းကျနေတဲ့
ရေစက်ပုံစံ အမှတ်အသားလေးက အနီရောင်ကနေ အပြာရောင်အဖြစ်သို့ ပြောင်းလဲကာသွားသည်။

Astilbe(COMPLETED) Tempat cerita menjadi hidup. Temukan sekarang