Part-5(Z and U)

3.2K 510 38
                                        

Zawgyi

ကြီးမားတဲ့ ချယ်ရီတော မှာခပ်လှမ်းလှမ်းမှာ လှချင်တိုင်း လှလို့နေသည်။ ရွှေဝါရောင်နေရောင်ခြည်ကြောင့် ဒီနေ့တော့ အတော်လေး ရာသီဥတုက ကောင်းသည်ဆိုရမည်။

ဂျွန်မြောင်က အိမ်တော်ကြီး အပြင်ထွက်ကာကြည့်ချင်နေပေမဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာတော့မသိ။
အိမ်ကြီးရှင်ကိုပဲ ခွင့်တောင်းရမလား။ သေချာပေါက်လိုတာတော့ မဟုတ်။  ဘယ်မသွားရဘူးရယ်လို့ တားဆီးထားတာလည်းမရှိတာကြောင့် သွားချင်တဲ့စိတ်သာရှိရင် သွားလို့ရတာတော့ အမှန်ပင်။

ဒါပေမဲ့ တဖက်က ကြည့်ပြန်တော့ ဂျွန်မြောင် က တစ်ယောက် ထဲ လစ်ခနဲ ပျောက်မသွားချင်ပါ။ ဒီအိမ်ကြီးထဲ သူနဲ့ရင်းနှီးတာဆိုလို့ အိမ်ကြီးရှင်ပဲ ရှိတာမို့ တစ်ယောက်ထဲသာဆို အူကြောင်ကြောင် ဖြစ်နေမှာ အသေအချာပင်။

ထမင်းစားဖို့ လာခေါ်ရင်တော့ နည်းနည်း​ပြောကြည့်ဖို့ တွေးထားလိုက်သည်။ ခုတလော လူကိုကြုံရင်ကြုံသလို ရုပ်တည်ကြီးနဲ့ ပလီပလာ လုပ်နေတဲ့ အိမ်ကြီးရှင်ကြောင့် ဂျွန်မြောင်ရဲ့ နေ့ရက်တွေက ရယ်မောချင်စရာ။

အသက်နှစ်ဆယ့်ငါး ဆိုတာ သေချာပေါက်ကြီးလှသေးတာမဟုတ်ပါဘူး။ အရွယ်ကောင်းလို့ပြောရမှာပေါ့။ ချစ်သူလေးထားပြီး ရုပ်ရှင်ရုံချိန်းလိုက်၊ မုန့်အတူတူလုပ်စားလိုက်နဲ့ ပျော်နေရမဲ့အချိန်မျာ သူကတော့ ဒီထူးထူးဆန်းဆန်းအိမ်ကြီးထဲမှာ ထူးထူးဆန်းဆန်း ပုဂ္ဂိုလ်ရဲ့ ရေလာမြောင်းပေးလုပ်တာခံနေရတာပါပဲ။ အဲ့လိုပြောလို့ အပြင်မှာဆိုရင်ရောလို့ မေးရင်လည်း ၊ အပြင်မှာဆိုရင်တောင် ချစ်သူရှိဖို့ကမလွယ်သေး။

ဂျွန်မြောင်က ပါးနပ်ပြီး အတွေးများတယ်လေ။
သေချာပေါက် လူလည်ကျတာမဟုတ်ပေမဲ့ ဘာစကားပြောရင် ဘာဆိုတာ တန်းနားလည်တတ်တဲ့ စတိုင်မျိုးမို့ အိမ်ကြီးရှင်ကိုလည်း သတိထားမိသည်။
ဒါကြောင့် အူလည်လည်ကောင်လေးနဲ့ အရမ်းချမ်းသာတဲ့ သူဋ္ဌေးကြီးတစ်ယောက်ရဲ့ ဇာတ်လမ်းလိုမျိုးကိုတော့ တွေးရင်းတောင် ရယ်ချင်သည်။
ဂျွန်မြောင်က ဘယ်လောက်တောင် ထက်မြတ်လိုက်သလဲမေး။

Astilbe(COMPLETED) Nơi câu chuyện tồn tại. Hãy khám phá bây giờ